သင်းခွေချပ်အကောင်လေးတွေရဲ့ လူသိပ်မသိတဲ့ ထူးခြားချက်များ အကြောင်း
mmload.com
|
2022-02-08

သင်းခွေချပ်ကောင်လေးတွေဟာ အလွန်အင်မတန်မှထူးဆန်းလှတဲ့ အကောင်လေးတွေပဲဖြစ်ပါတယ်။သူတိုကရဲ့လျှာဟာ သူတို့ခန္ဒာကိုယ်ထက်ပိုမိုရှည်လျားလှပါတယ်။ အရွယ်ရောက်ကာစ သင်းခွေချပ်အကောင်ပေါက်လေးတွေဟာ မိခင်ရဲ့အမြှီးပေါ်မှာ စီးနင်းလိုက်ပါပြီးသွားတတ်ကြပါတယ်။ ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက်လည်း သင်းခွေချပ်တွေဟာသူတို့ကိုယ်သူတို့ ပုံစံပြောင်းတဲ့ နည်းလမ်းကို အသုံးပြုကြပါတယ်။


လူသားတွေမှလွဲ၍ သူတို့ရဲ့ လိပ်ခွေနေတဲ့ခန္ဓာကိုယ်အခွေကို ဘယ်သတ္တဝါမှ မဖြည်နိုင်ကြပါဘူး။ ဒါပေမယ့် ဒီလိုသင်းခွေချပ်လေးတွေအပေါ် လူသားတွေရဲ့ ကြိုက်နှစ်သက်မှုများပြားလာတဲ့အတွက် မျိုးတုန်းခံရမယ့်ဘေးနဲ့ ကြုံတွေ့နေကြရပါတယ်။ စစ်တမ်းများအရ သင်းခွေချပ်အကောင်လေးများဟာ ကမ္ဘာပေါ်တွင် ကုန်ကူးခံရမှုအများဆုံး နို့တိုက်သတ္တဝါလေးတွေဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်တွင် သင်းခွေချပ်တစ်ကောင်ဟာ ၅ မိနစ်တိုင်းသေဆုံးနေရပြီး သူတို့ရဲ့အကြေးခွံတွေကို တရားမဝင်တဲ့ ဆေးဝါးတွေဖော်စပ်တဲ့နေရာမှာ အသုံးပြုနေရတယ်လို့ သိရပါတယ်။


မြန်မာလူမျိုးတွေမှာလည်း သင်းခွေချပ်နဲ့ ပက်သက်ပြီး အယူတွေရှိပါတယ်။ ဒါကတော့ သူတို့လေးတွေဟာ တောကြီးမျက်မည်းထဲရောက်ရင် လူတွေရဲ့ နာမည်ခေါ်သံအတိုင်း လိုက်ခေါ်လေ့ရှိကြပါတယ်တဲ့ ။ထိုခေါ်သံကို ပြန်လည်ထူးခဲ့မည်ဆိုလျှင်တော့ တောရဲ့လှည့်စားမှုကို ခံရပြီး သေဆုံးနိုင်တယ်လိုက အယူရှိခဲ့ကြပါတယ်။






Some text some message..