
ကမ္ဘာပေါ်မှာ လူပေါင်းများစွာရှိတဲ့ အနက် သာမာန်နဲ့မတူတဲ့ လူတွေလည်း အများကြီးရှိပါတယ်။ အဲ့ထဲကမှ လူတိုင်းကြောက်ကြရတာကတော့ ကွင်းဆက်လူသတ်သမားတွေဆိုလည်း မမှားပါဘူး။ ကွင်းဆက်လူသတ်သမားတွေကလည်း တစ်ေယာက်နဲ့ တစ်ေယာက်မတူအောင် နာမည်ပြောင် အမျိုးမျိုး ရှိကြပါတယ်။ ခုဆိုလည်း အဲ့လိုလူထဲက တစ်ယောက်ကိုဖော်ပြမှာဖြစ်ပါတယ်။

Moses Sithole ဟာ တောင်အာဖရိကသမိုင်းတွင် အကြမ်းတမ်းဆုံး ကွင်းဆက်လူသတ်သမားဖြစ်ပါတယ်။ ABC လူသတ်မှုကို ကျူးလွန်ခဲ့သူလို့လည်း သိရှိကြပါတယ်။ ဒေသခံမီဒီယာများက သူ့ကို ABC လို့ ခေါ်ရခြင်းဟာ သူ့ရဲ့ပထမဆုံးပစ်မှုကို Atteridgeville တွင်စတင်ခဲ့ကာ ဆက်လက်ပြီး Boksburg တွင်ပြုလုပ်ခဲ့ကာ နောက်ဆံုးတွင် Johannesburg ရဲ့ဆင်ခြင်ဖုံးရပ်ကွက်ဖြစ်တဲ့ Cleveland တွင် အဆုံးသတ်ခဲ့တာေကြာင့် ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း (၁၉၉၄-၁၉၉၅) Sithole ဟာ လူ ၃၈ ဦးရဲ့ အသက်ကို ဆုံးရှုံးစေခဲ့ပါတယ်။

Sithole ဟာ အမျိုးသမီးများနှင့် ဆယ်ကျော်သက်မိန်းကလေးများကို ပစ်မှတ်ထားခဲ့သူ တစ်ေယာက်ဖြစ်ပါတယ်။ ကတိတော်များဖြင့် သူတို့ကို သွေးဆောင်ခဲ့ပြီး ဝမ်းနည်းစရာမှာ လိမ်လည်ခံရသူများဟာ သူရဲ့အကွက်ထဲကို ရောက်ပြီဆိုတာနှင့် အသတ်ခံခဲ့ရတာပါ။ သူတို့အား အဓမ္မပြုကျင့်ပြီးနောက် Sithole ရဲ့ ထုံးစံအတိုင်း အသတ်ခံရသူများကို ရိုက်နှက်ပြီး သူတို့ရဲ့ အတွင်းခံဘောင်းဘီကို အသုံးပြု၍ လည်ပင်းညှစ်သတ်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီအပြင် Sithole ဟာ အမျိုးသမီးများရဲ့ အသေကောင်များေပါ်တွင် “ခွေးမ” ဟူသော စကားလုံးကို ရေးသားခဲ့ပါသေးတယ်။ ဒီလိုရေးရခြင်းကတော့ သူဟာ အမျိုးသမီးတွေကို မုန်းလို့ပဲဖြစ်ပါတယ်။