ကလေးများကို ကြောက်ရွံ့စေခဲ့တဲ့ လူသားစား Sawney Bean နဲ့ သူ့ရဲ့မိသားစု
mmload.com
|
2022-03-14

လူသားစား Sawney Bean ရဲ့ဒဏ္ဍာရီနှင့်သူရဲ့မိသားစုဟာ စကော့တလန်ကလေးများကို နှစ်ပေါင်းရာနှင့်ချီပြီးကြောက်ရွံ့‌ေစခဲ့ပါတယ်။ အချို့က ၎င်းဟာ ရိုးရာပုံပြင်မျှသာဖြစ်သည်ဟု ယုံကြည်ကြ‌ေပမယ့်လည်း အချို့က ကြောက်မက်ဖွယ်ကောင်းတဲ့ လူသားနှင့် သူ့မိသားစု အမှန်တကယ်ရှိခဲ့ကြောင်း ယူဆကြပါတယ်။ Bean ရဲ့ လူသားစားခြင်းဟာ သမိုင်းရဲ့အထူးဆန်းဆုံးလူများကြားတွင် ထင်ရှားစေခဲ့ပါတယ်။


15 နှင့် 16 ရာစုများတွင် စကော့တလန်မှာ Bean နှင့် သူ့အမျိုးသမီးအဖော်တို့ဟာ လှိုဏ်ဂူအတွင်း 25 နှစ်ကြာ ပုန်းအောင်းနေခဲ့သည်ဟု ဒဏ္ဍာရီများက ပြောကြပါတယ်။ သူတို့နှစ်ယောက်ကြောင့် ကလေးပေါင်းများစွာ သေဆုံးသွားသည်ဟုလည်း ဒဏ္ဍာရီထဲမှာ ဖော်ပြထားပါတယ်။


Bean ရဲ့ Clan တွင် အဖွဲ့ဝင် ၄၈ ဦးရှိပြီး သူတို့ဖမ်းမိတဲ့ ကလေးနဲ့လူပေါင်း ၁၀၀၀ ကျော်ကိုလည်း သူတို့ရဲ့ဂူထဲကို ခေါ်ဆောင်သွားပြီး စားသုံးခဲ့ကြပါတယ်။ Sawney Bean က သူ့မိသားစုကို ဒီကြမ်းတမ်းတဲ့ခရီးအတွက် ဦးဆောင်ခဲ့သူတစ်ယောက်ပါ။ သူတို့ဟာ လျှို့ဝှက်စွာလုပ်ဆောင်ပြီး ညဘက်တွင် အမဲလိုက်ရန် လှိုဏ်ဂူမှ ထွက်လာလေ့ရှိပါတယ်။ သူတို့သားကောင်ကို ဖမ်းမိပြီးတာနဲ့ ချက်ချင်းခွဲခြမ်းပြီး စားသောက်မယ့်နေရာကို ပြန်ခေါ်သွားကြတးကာ ချက်ချင်းမစားရသေးတဲ့ သားကောင်များရဲ့ အပိုင်းအစများကို အချဉ်ဖောက်ပြီး သိမ်းဆည်းထားလေ့ရှိပါတယ်။


သို့သော် တစ်ညတွင် သူတို့ Clan ဟာ လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး ဒီလူဟာ သူတို့ရဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်လာဆိုတာကို သိချင်တာကြောင့် ထိုအမျိုးသားနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် ထိုလူဟာ တိုက်ခိုက်ရေးတွင် အလွန်ကျွမ်းကျင်ပြီး အခြားသူများရဲ့ ဆူပူအုံကြွမှုကို ကြားသိကာ ကူညီရန် ဘီယန်မိသားစုကို အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ပါတယ်။ သူတို့ ဂူထဲကို ပြန်ဆုတ်သွားပေမယ့်လည်း မျိုးနွယ်စုဟာ ပျက်စီးခဲ့ပါတယ်။ အဲ့နောက် ရှာဖွေမှုများ ပြုလုပ်ပြီး Bean မိသားစုကို တွေ့ရှိခဲ့ကြပါတယ်။


သူတို့အားလုံးကို Edinburgh အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး မကြာမီမှာပဲ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုများအတွက် ကွပ်မျက်ခြင်း ခံခဲ့ရပါတယ်။ Sawney Bean ဟာ အမှန်တကယ်လူဟုတ် မဟုတ် သို့မဟုတ် ဒဏ္ဍာရီလာများကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခြင်းရှိမရှိကို အငြင်းပွားကျလေ့ ရှိပါတယ်။ သို့သော် လူတိုင်းသဘောတူနိုင်သည့်အချက်မှာ သမိုင်းတစ်လျှောက်တွင် ဂူအောင်းတွင်းလူသား Sawney Bean ကဲ့သို့ပင် မည်သူတစ်ဦးတစ်ယောက်ရဲ့ ဇာတ်လမ်းကမှ ထူးဆန်းသည်ဟူ၍ မရှိပေ။




Some text some message..