
ကမ္ဘာကြီးပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများဟာဆိုရင် လူသတ်မှုတွေဖြစ်လေ့ရှိပါတယ်။ လူသတ်မှုမဖြစ်တဲ့ နိုင်ငံဆိူတာမရှိသလောက်ရှားပါတယ်။ အဲ့လိုလူသတ်မှုတွေဖြစ်တဲ့ထဲကမှ ကမ္ဘာကြီးပေါ်မှာဖြစ်တဲ့ လူသတ်မှုနှုန်းအများဆုံးဖြစ်တဲ့ နိုင်ငံတွေကို လေ့လာလိုက်ပါတယ်။ ခုဖော်ပြသွားတဲ့နိုင်ငံတွေကတော့ လူသတ်မှုအများဆုံးဖြစ်တဲ့ နိုင်ငံတွေဖြစ်တာမို့ ပရိသတ်ကြီး သွားလည်ရင် ဂရုစိုက်ပါ။
Jamaica

Jamaica ကတော့ လူသတ်မှုဖြစ်နှုန်း ၄၇.၀၁ရာခိုင်နှုန်းရှိပါတယ်။ အဲ့နိုင်ငံဟာဆိုရင် လူသတ်မှုအများဆုံးဖြစ်တဲ့နိုင်ငံထဲမှာပါဝင်ခဲ့ကာ အမှုတွေကတော့ မှုးယစ်ဆေးဝါးနဲ့ လူသတ်မှုတွေပဲဖြစ်ပါတယ်။ သူတို့လူသတ်မှုက ဘယ်လောက်ထိဆိုးလဲဆိုရင် မြို့ကြီးပြကြီးတွေမှာဖြစ်တက်ပါတယ်။
Virgin Islands

Virgin Islands ဟာဆိုရင် ၄၉.၂၆ရာခိုင်နှုန်းရှိပြီး Caribbean ရဲ့ လူသတ်မှုအဖြစ်ဆုံး ကျွန်းဖြစ်ပါတယ်။ နှစ်တိုင်းလိုလို လူသတ်မှုနှုန်းတွေဟာ မြင့်လေ့ရှိတာဖြစ်ပြီး ၂၀၁၅ခုနှစ်မှာတုန်းက ၃၂.၉ရာခိုင်နှုန်းသာရှိခဲ့ကာ ခုမှာဆိုရင်တော့ ၄၉.၂၆ရာခိုင်နှုန်းတောင်ရှိလို့လာပါပြီ။
Venezuela

တောင်အမေရိကမှာရှိတဲ့ Venezuela ဟာဆိုရင်တော့ ၅၆.၃၃ရာခိုင်နှုန်းရှိပါတယ်။ အရင်တုန်းကတော့အဲ့နေရာမှာ ထူးထူးခြားခြားတော့ဘာမှမဖြစ်ကာ နောက်ပိုင်းမှာတော့ နှစ်တိုင်းကို လူပေါင်း 100,000 လောက်ကအသတ်ခံရပါတယ်။
Honduras

United Nations Office ရဲ့ကြေငြာချက်အရ Honduras ဟာဆိုရင် ၅၆.၅၂ ရာခိုင်နှုန်းရှိပါတယ်။ အဲ့နိုင်ငံဟာဆိုရင်တော့ ကမ္ဘာကလူတော်တေ်ာများများ Holiday ထွက်ကျတဲ့နေရာဖြစ်ကာ Tourist တွေကို နေရာအနှံ့မှာရှိပါတယ်။ အာ့ကြောင့်ပဲ နိုင်ငံမှာဆိုရင် Tourist တွေက အဓိကပစ်မှတ်ထားခံရလေ့ရှိကာ တော်တော်ကို လူသတ်မှုနှုန်းမြင့်မာပါတယ်။
El Salvador

El Salvador ဆိုတဲ့နိုင်ငံကတော့ လူသတ်မှုနှုန်းအများဆုံးဖြစ်တဲ့ နိုင်ငံပဲဖြစ်ကာ ၈၂.၈၄ရာခိုင်နှုန်းရှိပါတယ်။ သူတို့ကျတော့ အာဏာလုရင်ဖြစ်တဲ့ လူသတ်မှုတွေများတာမို့ ပရိသတ်ကြီးလဲ ခုနိုင်ငံတွေကို သတိထားပြီးသွားလည်ကြပါ။