
Harnaam Kaur ဟာ ၂၀၁၇ခုနှစ်တုန်းက ကမ္ဘာ့အသက်အငယ်ဆုံး မုတ်ဆိတ်မွှေးထူတဲ့မိန်းကလေးအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်စာအုပ်ထဲမှာ ပါဝင်ခဲ့ကာ လူသိများခဲ့ပါတယ်။ ၂၀၁၅ခုနှစ် စက်တင်ဘာလ ၇ရက်နေ့ သူမအသက် ၂၄နှစ်မှာပဲ ကမ္ဘာ့အသက်အငယ်ဆုံး မုတ်ဆိတ်မွှေးထူတဲ့မိန်းကလေးအဖြစ် အတည်ပြုခဲ့ပါတယ်။ သူမဟာ အလွတ်တန်းမော်ဒယ်တစ်ဦးနဲ့ စိတ်ဓာတ်တက်ကြွစေတဲ့ စကားပြောဆိုသူတစ်ဦးဖြစ်ကာ သူမရဲ့ခန္ဓာကိုယ်ကို မည်သို့လက်ခံခဲ့ကြောင်း စသဖြင့် စကားများကို ဖြန့်ဝေပြောပြခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ မုတ်ဆိတ်မွှေးထူထူရှိတယ်ဆိုတာ လက်ခံဖို့မလွယ်ကူတဲ့ အရာဖြစ်ပါတယ်။

ယခုအချိန်မှာ Harnaam ဟာ အသက် ၃၁နှစ်ရှိပြီဖြစ်ကာ ကမ္ဘာ့ဂင်းနစ်စံချိန်အဖွဲ့က သူမကို ခုလို့ပဲ သွားရောက် အင်တာဗျူးခဲ့ကြပါတယ်။ သူမရဲ့ မုတ်ဆိတ်မွှေးကြောင့် လူတွေပြောဆိုလာတဲ့အခါ ဘယ်လိုတုံ့ပြန်ခဲ့လဲဆိုပြီး မေးမြန်ခဲ့ချိန်မှာ သူမဟာ ' လူတွေက ကျွန်မကို ဘာလို့မုတ်ဆိတ်မွှေးထားရတာလဲ တခါတလေ အရွဲ့တိုက်ပြီး ဘာလို့နင့်အဖေက မုတ်ဆိတ်မွေးထားရတာလဲဆိုပြီး မေးကြပါတယ်။ လူတွေကို ကျွန်မက Personal တိုးတက်လာပုံနဲ့ပတ်သက်ပြီး မေးစေချင်တယ်...ဥပမာ ကိုယ့်ကိုကို ဘယ်လိုတန်ဖိုးထားလဲတို့ ဘယ်လိုမျိုး ကျွန်မ ရပ်တည်နိုင်လဲတို့ စသဖြင့်ပေါ့ ' ဆိုပြီး ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ' လူတော်တော်များများက ကျွန်မမှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေးအခြေနေနဲ့ပတ်သက်ပြီး နားလည်ဖို့ခက်ခဲနေကြပါတယ်...အမျိုးသမီးတစ်ယောက်မှာ ခုလိုမုတ်ဆိတ်မွှေးပေါက်တာကလည်း နားမလည်နိုင်တဲ့အရာပါပဲ ' Harnaam ဟာ သူမအသက် ၁၂ နှစ်တွင် Polycystic Ovary Syndrome (PCOS) ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဒီရောဂါဟာ ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာရဲ့ ရောဂါအခြေအနေတစ်ခုဖြစ်ပါတယ်။

' အမျိုးသမီးတော်တော်များများမှာ မျက်နှာအမွှေးအမျှင်တွေရှိတက်ကြတာပုံမှန်ပါပဲ....ဒါပေမယ့် ကျွန်မတို့အမျိုးသမီးတွေဟာ အဲ့တာနဲ့ပတ်သက်ရင် လှောင်ပြောင်ခံရလေ့ရှိပါတယ်...အဲ့လိုလှောင်တဲ့အခါ ယောကျ်ားလေးဆိုရင်တော့ အဆင်ပြေပေမယ့် မိန်းကလေးတစ်ယောက်လာလှောင်ရင်တော့ ရယ်စရာဖြစ်နေပါတယ်...ဘာကြောင့်များ ကျွန်မက ကျွန်မခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ရှင်းပြရမှာလဲ? ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ တစ်ချိန်မြေကြီးဖြစ်သွားသလို ကျွန်မရဲ့ မုတ်ဆိတ်မွှေးလည်းအလားတူ ဖြစ်သွားမှာပါပဲ။ ဒါပေမယ့် ကျွန်မပေးခဲ့တဲ့ အမှာစကားကတော့ ထင်ကျန်နေခဲ့မှာပါ။ '

Harnaam ဟာ ယနေ့ချိန်လို ဘဝကို ရောက်ရှိဖို့ အချိန်တော်တော်ကြာမြင့်ခဲ့ပါတယ်။ သူမက ဂင်းနစ်စံချိန်အဖွဲ့ကို ပြောခဲ့သလို မိမိကိုယ်ကိုချစ်ဖို့နဲ့ လက်ခံဖို့က အဓိကခရီးတစ်ခုဖြစ်ပါတယ်။ ကျွန်မက အစ်ကိုရဲ့ အင်္ကျီတွေကို အမြဲယူဝတ်တတ်တာကြောင့် ကျွန်မက မိန်ကလေးဆိုတာကို မသိရှိနိုင်ကြတော့ပါဘူး...ရိုးရိုးသားသားဝန်ခံရရင် တခါတလေ ကျွန်မအဲ့လိုမျိုး ဝတ်ဆင်တတ်ပါတယ်။ အဲ့ဒီခါကျကျွန်မလည်း ဘယ်သူကိုမှ ဂရုစိုက်စရာမလိုတော့ပါဘူး။ ဒါပေမယ့်လည်း Harnaam တစ်ယောက် New York မြို့ကိုရောက်တဲ့အခါမှာတော့ သူမရဲ့ဘဝဟာ ကြီးမားစွာ ပြောင်းလဲသွားခဲ့ပါတယ်။ သူမဟာ WorldPride ဆိုတဲ့အစီအစဉ်မှာ ပါဝင်လာခဲ့ပြီး လူသောင်းချီရှေ့မှာ စကားပြောဆိုခဲ့ပါတယ်။

' သူတို့ကိုကြည့်လိုက်တဲ့အခါမှာ သောင်းချီတဲ့လူတွေဟာ ကျွန်မကို အားပေးကြပါတယ်...အဲ့တာက ကျွန်မကို ပွေ့ဖက်လိုက်သလိုပါပဲ။ အဲ့အခါမှာ ကျွန်မလည်း ကျွန်မရဲ့ Message တွေကို ဒီမှာမျှဝေလို့ရပြီဆိုတာကို သိလိုက်ပါတယ် ' Harnaam ရဲ့ Message ဖြစ်တဲ့ မိမိကိုယ်ကိုချစ်ပါဆိုတာဟာ လူတွေကို သူတို့တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သိရှိစေခဲ့ပါတယ်။

သူမရဲ့ အခြားအောင်မြင်မှုများထဲတွင် Harnaam ဟာ Cosmopolitan နဲ့ Glamour မဂ္ဂဇင်းတို့မှာ မျက်နှာဖုံးကာဗာ ဖြစ်ခဲ့ဖူးပါတယ်။ Harnaam ဟာ သူမဂင်းနစ်စံချိန်တင်ပြီးနောက် ၆ နှစ်တာကာလအတွင်းမှာ များစွာ ပြောင်းလဲခဲ့ပါတယ်။ သူမဟာ အမြဲတမ်း သူမရဲ့ အမှာစကားလို့ အမြဲကိုယ့်ကိုယ်ကိုချစ်ပြီး လက်ခံနေခဲ့တာကြောင့် သူမဘဝကြီးကပြောင်းလဲခဲ့တာပါ။