လပေါ်မှာ ထူးဆန်းစွာ တွေ့ရှိခဲ့တဲ့ ရှေးဟောင်း ပိရမစ်များ
mmload.com
|
2022-05-04

တိမ်များ၊ မြူခိုးများ၊ မီးရောင်များနှင့် ထူးဆန်းတဲ့အရာများကို လပေါ်မှာ ရာစုနှစ်တစ်ခုကျော်ကြာအောင် မြင်တွေ့ခဲ့ကြပါတယ်။ ဒါပေမယ့် Apollo ပရိုဂရမ် တိုးတက်လာသည်နှင့်အမျှ သိပ္ပံပညာရှင်များက လဟာ အသက်မရှိကြောင့် ဖွင့်ဆိုထားပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာတော့ လူသားများဟာ လပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ လကို ဆက်တိုက်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


၁၉၉၅ ခုနှစ်မှာလည်း အမေရိကန်ဟာ အီလက်ထရွန်းနစ်ပစ္စည်းများဖြင့် စကင်န်ဖတ်ထားသည့် မောင်းသူမဲ့အာကာသယာဉ်ကို လပေါ်သို့လွှတ်တင်ခဲ့ပါတယ်။ ဒါပေမယ့် NASA က ဒီမောင်းသူမဲ့အာကာသယာဥ်ကို တာဝန်မယူဘဲ အမေရိကန်စစ်တပ်ကပဲ ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မောင်းသူမဲ့အာကာသယာဥ်ကနေ ကမ္ဘာမြေသို့ ပေးပို့လာတဲ့ ဒေတာများအရ လပေါ်မှာ ရေ၊ လေထုနှင့် သစ်ပင်များအပြင် ထူးဆန်းစွာ တည်ဆောက်ထားတဲ့ ရှေးဟောင်းပိရမစ်များရှိနေတာကို တွေ့ရှိရပါတယ်။ ဒါ့ပေမယ့် အမေရိကန်စစ်တပ်က လပေါ်ကနေရလာတဲ့ ဒေတာကိုတွေအကုန်လုံးကို ဖော်ပြထားခြင်းမဟုတ်ဘဲ အချို့အရာတွေကို ဖုံးကွယ်ထားခဲ့ပါတယ်။


ဘာတွေကို ဖုံးကွယ်ခဲ့သလဲဆိုရင် အဆင့်မြင့် မြေအောက် လူ့အဖွဲ့အစည်းဟာ လ၏ မျက်နှာပြင်မှာ သတ္တုတူးဖော်ရေး လုပ်ငန်းများ သိသိသာသာ ပါဝင်နေတဲ့ အချက်ကို ဖုံးကွယ်ထားခဲ့ပါတယ်။ လီယိုနာ့ဒ်ဟာ နာဆာက စုဆောင်းထားတဲ့ ပုံ ၃၅ ပုံ ပါဝင်တဲ့ စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ထဲမှာတော့ ရုပ်ပုံများအပြင် အာကာသယာဉ်မှူးများနှင့် ဟူစတန် ထိန်းချုပ်ရေးဌာနတို့ကြား သိပ္ပံပညာရှင်များရဲ့ သက်သေခံချက်များ ပါဝင်တဲ့ NASA ရဲ့စာရွက်စာတမ်းများပါ ဖော်ပြခဲ့ပါတယ်။




Some text some message..