ကြောင်လေးတွေ သခွားသီးကြောက်တဲ့ အကြောင်းအရင်း !
mmload.com
|
2022-06-07

ဆိုရှယ်မီဒီယာတွေပေါ်မှာ ကြောင်လေးတွေကို သခွားသီးနဲ့စပြီး ကြောင်လေးဆီက ရလာတဲ့တုံ့ပြန်မှုကို ဗီဒီယို မှတ်တမ်းယူထားတဲ့ ရုပ်သံဖိုင်တွေဟာ လူကြိုက်များလျက်ရှိပါတယ်။ ရုပ်သံဖိုင်တွေထဲမှာ ဆိုရင်တော့ ကြောင်လေးတွေက သခွားသီးနဲ့ အစခံရတဲ့အခါမှာ အလျင်စလို ထွက်ပြေးသွားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် သခွားသီးဆိုတဲ့အရာက ကြောင်လေးတွေကို ဘာကြောင့် ကြောက်လန့်ခြင်းဖြစ်ပေါ်စေတာလဲ ဆိုတာကို လူတော်တော်များများတွေးဖူးကြမှာပဲဖြစ်ပါတယ်။


ဒါအရာနဲ့ပတ်သက်ပြီး တိရစ္ဆာန်အမူအကျင့်ပညာရှင်နဲ့ “ Chasing Doctor Dolittle: Learning the language of Animals " စာအုပ်ရဲ့ စာရေးဆရာဖြစ်သူ Con Slobodchikoff က ကြောင်တွေမှာ မြွေတွေကို ရှောင်ရှားဖို့အတွက် ပုံသေဖြစ်နေတဲ့ ဗီဇအမူအကျင့်တစ်ခုရှိတာဖြစ်ပြီး သခွားသီးဟာ ကြောင်တွေအတွက် မြွေတစ်ကောင်လိုလို အသွင်အပြင်နဲ့တူတဲ့ အရာဖြစ်တာကြောင့်လို့ဆိုပါတယ်။


ကြောင်တွေက မြေပြင်ပေါ်မှာ တွားသွားနေတဲ့အရာတစ်ခုခုတွေ့ပြီဆိုရင် လေထဲကို လက်နှစ်လှမ်းလောက် ခုန်တက်သွားလေ့ရှိပြီး ဒါဟာ မြွေကို ကာကွယ်တဲ့ အမူအကျင့်ဖြစ်တယ်လို့ Slobodchikoff က ပြောပါတယ်။ သခွားသီးဆိုတဲ့အရာက ကြောင်တွေကို စိတ်ချောက်ချားစေတဲ့ အရာလို့ ပြောနိုင်ပါတယ်။ နောက်ပြီး ကြောင်တွေကို စိတ်ချောက်ချားခြင်းဖြစ်စေတဲ့အရာက သခွားသီးတစ်ခုထဲမဟုတ်ကြောင်းနဲ့ မြွေနဲ့တူတဲ့ ဘယ်အရာကိုမဆို ကြောက်လန့်တဲ့အခါမှာ ဒီလိုမျိုး အလိုအလျောက် တုံ့ပြန်မှုပေးကြောင်းလည်း ပြောပါတယ်။


မြွေနဲ့ ပုံသဏ္ဍာန်တူတဲ့ အရာတွေထဲမှာမှ သခွားသီးက သူ့ရဲ့ ကွေးညွတ်တဲ့ဘေးနှစ်ဖက်ကြောင့် စပါးနှံတို့ ခရမ်းသီးတို့လိုအရာတွေထက် မြွေနဲ့ပိုတူတာဖြစ်ပြီး ကြောင်တွေအတွက် တုံ့ပြန်မှုပိုစေတဲ့ အရာဖြစ်ကြောင်း ပြောပါတယ်။ နောက်ပြီး ကြောင်တွေကို သခွားသီးပုံစံ အရာဝတ္ထုတွေနဲ့ နောက်ပြောင်ဖို့ မကြိုးစားသင့်ကြောင်းနဲ့ ဒီအပြုအမူဟာ ရှေရည်မှာ ကြောင်တွေရဲ့ စိတ်ကျန်းမာရေးအပေါ် ထိခိုက်စေမှာ ဖြစ်ကြောင်းလည်း Slobodchikoff က ဆိုပါတယ်။




Some text some message..