ကမ္ဘာဖျက်ရေခဲတောင်ကြီးဟာ အမြန်ဆုံးနှုန်းနဲ့ အရည်ပျော်ပဲ့ကျနေပြီး အထဲကနေရှေးဟောင်းပင်ဂွင်းအရိုးတွေပါထွက်လာ
mmload.com
|
2022-06-21

ကမ္ဘာကြီးပူနွေးလာမှုကြောင့် အန္တာတိကတိုက်က မြို့ကြီးတစ်မြို့နီးပါးကြီးတဲ့ ရေခဲတောင်ကြီးတွေ တဖြည်းဖြည်းအရည်ပျော်ပဲ့ကျနေတာကို အမြဲတမ်းကြားနေကြရမှာပါ။လတ်တလော အရည်ပျော်ကျခဲ့တဲ့ ရေခဲတောင်ကြီးတစ်ခုကတော့ သမိုင်းတလျှောက် အမြန်ဆုံးနှုန်းနဲ့ အရည်ပျော်ကျနေပြီး ထူးထူးဆန်းဆန်း ထူးထူးဆန်းဆန်း ရှေးဟောင်းပင်ဂွင်းအရိုးတွေပါ ထွက်လာတယ်လို့သိရပါတယ်။


အန္တာတိကတိုက်မှာ အရည်ပျော်တာမြန်လွန်းလို့ ကမ္ဘာဖျက်ရေခဲတောင်ကြီးလို့ နာမည်ပြောင်ရထားတဲ့ Thwaites ရေခဲတောင်ကြီးဟာ တိုက်ကြီးရဲ့အနောက်ဖက် ရေခဲလွှာကြီးထဲမှာတည်ရှိပါတယ်။


အဲ့ဒီရေခဲတောင်ကြီးနဲ့ ဘေးနားက Pine ကျွန်းရေခဲတောင်ကို သမိုင်းအလွန်ကာလ ပင်လယ်ပြင်စီစစ်ရေးပရောဂျက်နဲ့ လေ့လာခဲ့ပြီး သိရတဲ့စိတ်ပူပင်စရာ သတင်းထူးကတော့ Thwaites ကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၅၅၀၀ အတွင်း အမြန်ဆုံးနှုန်းနဲ့ အရည်ပျော်ကျနေတာပါ။ဒါကြောင့် စိုးရမ်စရာပင်လယ်ရေမြင့်တက်မှုတွေဖြစ်ပေါ်လာမှာ သေချာပါတယ်။အနည်းဆုံးလွန်ခဲ့တဲ့နှစ်ပေါင်း ၅၅၀၀ လောက်ကတည်းကရှိနေတာကို ဘယ်လိုသိရလဲဆို အထဲကထွက်လာတဲ့ ပင်ဂွင်းအရိုးအစအနတွေကြောင့်ပါ။


အရိုးတွေကို ရေခဲတောင်ပေါ်က မတူညီတဲ့နေရာပေါင်း ၂၀ ကနေတွေ့ခဲ့တာဖြစ်ပါတယ်။စူးစမ်းလေ့လာသူတွေဟာ ထုံးစံအတိုင်း အဲ့ဒီအရိုးထဲက ကာဘွန်ကိုချိန်ညှိတဲ့နည်းပညာနဲ့ စစ်ဆေးကြည့်ရာမှာတော့ သက်တမ်းအရင့်ဆုံးပင်ဂွင်းအရိုးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀၀ ကအရိုးဖြစ်နေပါတယ်။အဲ့လောက်ကြီးတဲ့ရေခဲတောင်ဖြစ်လာဖို့ဆို အချိန်တွေအများကြီးယူရဦးမှာမလို့ ကမ္ဘာဖျက်ရေခဲတောင်ကြီးရဲ့သက်တမ်းဟာ နှစ်ပေါင်း ၅၅၀၀ တောင်မကလောက်ဘူးလို့ ခန့်မှန်းရပါတယ်။




Some text some message..