
Donald Dougher ဆိုတဲ့ အသက် ၁၅ နှစ် အရွယ် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ YouTube ချန်နယ်က ရရှိတဲ့ ဝင်ငွေကနေ တန်ဖိုးကြီး ကားအကောင်းကြီးတွေကို ဝယ်ယူစုဆောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Donald Dougher ဟာ သူရဲ့ Donlad ချန်နယ်ကို ၂၀၁၉ ခုနှစ်က စတင်ခဲ့တဲ့ YouTuber တစ်ဦးဖြစ်ပါတယ်။ လစဥ် ချန်နယ်ကနေ ရရှိတဲ့ ဝင်ငွေက ပေါင် ၂၀၀၀၀ ရှိပါတယ်။သူ့ရဲ့Donlad ချန်နယ်မှာ လက်ရှိ Subscribe ထားသူ ၆ သိန်း ရှိပြီး Instagram နှင့် TikTok တို့မှာ ရာနှင့်ချီ ရှိပါတယ်။

လူနေမှုပုံစံ၊ အဝတ်အစားဝတ်ဆင်မှု ၊ ဟာသတွေအပြင် အခြားသူတွေနဲ့ မတူကွဲပြားတဲ့ ကားအကြောင်း ဗီဒီယိုများစွာ ဖန်တီးပြီး ဖော်ပြပေးတာ ဖြစ်ပါတယ်။

Donald Dougher စုဆောင်းထားတဲ့ တန်ဖိုးကြီး ကားတွေကတော့ YouTube ချန်နယ်က ဝင်ငွေနဲ့ ဝယ်ထားတဲ့ Bugatti Chiron ကားအပါအဝင် ၊ Ferrari La Ferrari ၊ Pagani Huayra Roadster စတဲ့ ကားအမျိုးစားတွေပဲ ဖြစ်ပါတယ်။

ကားတွေရဲ့ တန်ဖိုးငွေက အမြင့်ဆုံး ပေါင် ၃.၃ သန်းထိတန်ကြေးရှိပါတယ်။ လက်ရှိမှာတော့ Donald Dougher ဟာ အမေရိကမှာ အချမ်းသာဆုံးကလေးအဖြစ်လို့တောင် လူပြောများနေခဲ့ပါတယ်။