ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးနှင့် သက်တမ်းအရှည်ကြာဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်ဝင်ခဲ့တဲ့ လေယာဉ်မယ်
mmload.com
|
2022-07-05

American Airlines လေယာဉ်အမှုထမ်းအသက် ၈၆ နှစ်အရွယ် Bette Nash ဆိုသူဟာ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး လေယာဉ်အမှုထမ်းဖြစ်ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအရ သိရပါတယ်။


Nash ဟာ ၁၉၅၇ ခုနှစ်က လေယာဉ်မယ်အဖြစ်စတင်လုပ်ခဲ့ပြီး ယခုနှစ်ဆောင်းဦးရာသီမှာ လုပ်သက် ၆၅ နှစ်ရှိပြီဖြစ်ပါတယ်။တကယ်တော့ သူမဟာ လိုချင်တဲ့လမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းခဲ့သူဖြစ်ပြီး New York-Washington-Boston Shuttle ကို သစ္စာစောင့်ထိန်းခဲ့တာ ဖြစ်ပါတယ်။


ဒါကလည်း Nash ဟာ ယနေ့တိုင် ပြုစုစောင့်ရှောက်ပေးနေရတဲ့ သူမရဲ့ မသန်မစွမ်းသားဖြစ်သူနှင့်အတူ ညတိုင်း အိမ်ပြန်ခွင့်ရတာကြောင့် အဆိုပါလမ်းကြောင်းကို နှစ်သက်ခဲ့တာ ဖြစ်ပါတယ်။


Nash က ပထမဆုံး Eastern Airlines မှာ အမှူထမ်းလုပ်ခဲ့တာ ဖြစ်ပြီး ၁၉၈၀ ခုနှစ်နှောင်းပိုင်းမှသာ Donald Trump ရဲ့လေကြောင်းလိုင်းအဆက်ကနေ တဆင့် American Airlines မှာအဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။


ဒါပေမယ့် Federal Aviation Administration စည်းမျဉ်းအရ သူမဟာ ပုံမှန် လေယာဉ်မယ်သင်တန်းကို လက်ရှိအချိန်ထိ တက်ရောက်နေဆဲဖြစ်ပါတယ်။




Some text some message..