ကလေးတွေထဲမှာ ကမ္ဘာ့အရှည်ဆုံး ဆံပင်ကို ပိုင်ဆိုင်ထားတဲ့ (၆) နှစ်အရွယ် ကောင်မလေး
mmload.com
|
2022-07-11

အသက်ခြောက်နှစ်သာရှိသေးတဲ့ ကလေးမလေးဟာ ကမ္ဘာပေါ်က ကလေးတွေထဲမှာ အရှည်ဆုံး ဆံပင်ပိုင်ဆိုင်သူ ဖြစ်လာခဲ့ပါတယ်။ Jasmine Bains (ဂျက်စမင်း ဘင်း) ဆိုတဲ့ကလေးမလေးဟာ မွေးလာကတည်းက ခုထိဆံပင်မညှပ်ဖူးသေးပါဘူး။


ခုချိန်တိုင်းတာကြည့်ချိန်မှာ သူမရဲ့ ဆံပင်က ၁.၂ မီတာထိ ရှည်လျားပါတယ်။ ဆံပင်ဟာ သူမရဲ့ ဒူးထိရှည်လျားပါတယ်။ဒီနှစ် ဇွန်လမှာ စံချိန်ချိုးခဲ့တဲ့ Jasmine က သူမနဲ့ သူ့အမေ Tina (တီနာ) တို့ဟာ တစ်ညနေခင်းမှာ စကားစမြည်ပြောရင်း ပြိုင်ပွဲဝင်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီအချိန်က Tina ရဲ့ 'အကြံ' ဟာ Jasmine ရဲ့ ကြီးမားတဲ့အောင်မြင်မှုကို ဖြစ်ပေါ်စေကြောင်း Derbyshire Live ကဖော်ပြခဲ့ပါတယ်


ဂုဏ်ယူခဲ့တဲ့အမေက “ကျွန်မရဲ့ (၆)နှစ်အရွယ် သမီးလေးဟာ ဆံပင်မညှပ်ဖူးတာကြောင့် သူမဆံပင် ဒူးထိရှည်လျားပါတယ်။ ဒါကြောင့် တစ်ညအိပ်ရာဝင်ဖို့ ပြင်ဆင်ရင်းနဲ့ ဆံပင်ရှည်အကြောင်း ပြောဖြစ်ခဲ့ပါတယ်။" ပြီးတော့ ကျွန်မက သူ့ကို ကမ္ဘာ့ဆံပင်အရှည်ဆုံးလူတစ်ယောက်ရှိတယ်‌ပြောလိုက်တယ်၊ သူက အရမ်းစိတ်ဝင်စားသွားတယ်။


အဲ့ဒါနဲ့ ကျွန်မတို့နှစ်ယောက် Google ခေါက်ပြီး ကြည့်တော့ နှစ်ယောက်လုံး သဘောကျသွားတယ်။ နောက်တော့ ကျွန်မလည်း အကြံ ရသွားပါတယ်။ ဆံပင်အရှည်ဆုံး ကလေး‌မလေးအတွက် ကမ္ဘာ့စံချိန်တင်နိုင်သလား။" ဆိုပြီးဆက်ပြောခဲ့ပါတယ်။ အင်တာနက်မှာရှာကြည့်လိုက်တော့ Tina က ကလေးတွေတင်ထားတဲ့ ကမ္ဘာ့စံချိန်ကို ဖော်ပြတဲ့ Website ကိုတွေ့ပြီး လေးနှစ်ကနေ ၆ နှစ်အကြားကလေး တင်ထားတဲ့ အရှည်ဆုံး ဆံပင် စံချိန်ကို ကြည့်ခဲ့ပါတယ်။


" စံချိန်တင်ထားသူက ကနေဒါမှာ ရှိတဲ့ မိန်းကလေးတစ်ယောက်ပါ၊ ကျွန်မသမီးရဲ့ ဆံပင်က ပိုရှည်တယ်ဆိုတာ ချက်ချင်းသိလိုက်ပါတယ်။ စိတ်လှုပ်ရှားစွာနဲ့ သူ့ဆံပင်တွေကို တိုင်းထွာ၊ Website မှာ အကောင့်ဖွင့် ပြီးတော့ မှတ်တမ်းကို နှိပ်ပြီး ဗီဒီယိုကို တင်လိုက်တယ်.. Jasmine အောင်မြင်သွားပါပြီ၊ " လို့ သူမက ပြောပြခဲ့ပါတယ်။ စံချိန်တင်ဖို့အတွက် ဆံပင်ကို ခြောက်နေချိန် တိုင်းတာရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ပဲ အမေဖြစ်သူ Tina ကြောင့် သမီးလေး Jasmine ဟာ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။




Some text some message..