
၁၈ နဲ့ ၁၉ ရာစုတွေမှာ သွားဘက်ဆိုင်ရာကုသရေးမှာ သွားတု လိုအပ်ချက်ကြောင့် သွားများကို ပြန်လည် အသုံးပြုခြင်းဟာ ရေပန်းစားခဲ့ပြီး Waterloo စစ်ပွဲအပြီးမှာတော့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။ဆင်ရဲ့ အစွယ်နဲ့ အရိုးကနေထွင်းထားတဲ့ သွားနဲ့ သတ္တုတွေကိုလည်း သွားအတုပြုလုပ်ဖို့ ရည်ရွယ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဆင်စွယ်နဲ့ အရိုးကတေ ပြုလပ်တဲ့ သွားအတုတွေက ဝါးစားခြင်းနဲ့ စကားပြောခြင်းတို့အတွက် ထိရောက်မှုမရှိကြောင်း ရှာဖွေတွေ့ရှိလာတဲ့အခါမှာတော့ ရာဇ၀တ်ကောင်တွေကို ကွပ်မျက်ခြင်းနဲ့ လူသေအလောင်းတွေ တူးဖော်ခြင်းကနေရရှိတဲ့ သွားတွေကို သွားတုအဖြစ် အသုံးပြုခဲ့ကြပါတယ်။

သွားတုအတွက် အကောင်းဆုံးဖြစ်စဉ်လို့ပြောလို့ရတဲ့ အထင်ရှားဆုံးဖြစ်ရပ်ကတော့ ၁၈၁၅ ခုနှစ် ဇွန် ၁၈ မှာဖြစ်ပွားခဲ့တဲ့ Waterloo တိုက်ပွဲပဲဖြစ်ပါတယ်။

Waterloo တိုက်ပွဲမှာ နပိုလီယံဦးဆောင်တဲ့တပ်တွေနဲ့ Wellington မြို့စားတို့က အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲပြီးတဲ့အခါမှာတော့ အမှိုက်သမားတွေက သေဆုံးစစ်သားတွေရဲ့ ခန္ဓာကိုယ်က သွားတွေနဲ့အတူ ပစ္စည်းတွေကိုပါ ယူဆောင်သွားခဲ့ပါတယ်။

သွားဆရာဝန်တွေဟာ သွားအတုပြုလုပ်ဖို့အတွက် အမှိုက်သမားတွေယူဆောင်လာတဲ့ သွားတွေကို ဝယ်ယူခဲ့ပါတယ်။။ Waterloo တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ သွားတွေနဲ့ ပြုလုပ်ထားတဲ့ သွားတုတွေကိုတော့ Waterloo သွားလို့ ခေါ်ကြပါတယ်။