သေမင်းရဲ့မြေ ဂျပန်က Aokigahara တောအုပ်ကြီးရဲ့ ထူးခြားချက်တွေ..
mmload.com
|
2022-07-24

Suicide ဆိုတာဒီနေ့ခေတ်မှာ နာမည်ကြီးလာတဲ့ topicတစ်ခုဆိုမမှားပါဘူး။ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ နိုင်ငံတော်တော်များများကအချိုသောလူတွေကသတ်မှတ်လာနေကြပါတယ်။ ဂျပန်နိုင်ငံက Aokigahara ဟာဆိုရင် Suicide လုပ်သူတွေကြားထင်ရှားတဲ့နေရာတစ်နေရာဖြစ်ပါတယ်။


ဂျပန်နိုင်ငံ Honshuကျွန်းပေါ်ရှိ ဖူဂျီမီးတောင်ရဲ့အနောက်မြောက်ဖက် မှာရှိပြီး ၃၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ အဲ့ဒီတောအုပ်ရဲ့အနောက်ဘက်အစိတ်အပိုင်းက ‌လည်ပတ်လိုသူတွေကြား ခေတ်စားတဲ့နေရာဖြစ်ပါတယ်။သူ့ရဲ့အဓိကထူးခြားတဲ့ အချက်ကတော့နှစ်စဉ်တောထဲမှာ အနည်းဆုံးလူအယောက် ၂၀၀လောက်လာရောက်သေဆုံးကြတာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီတောအုပ်ကြီးကိုကိုယ့်ကိုယ်ကိုသတ်သေတဲ့ တောအုပ်ကြီးလို ခေါ်ကြတာဖြစ်ပါတယ်။


အဲ့ဒီတောအုပ်ကြီးရဲ့ထူးခြားတဲ့အချက်တွေထဲမှာ

1. တောအုပ်ကြီးထဲမှာနှစ်စဉ်လူအနည်းဆုံး ၁၀၀အထက်လာသေကြတယ်။

သစ်ပင်တွေသိပ်သည်းလှတဲ့အဲ့ဒီတောအုပ်ကြီးဟာ ကိုယ့်ကိုယ်ကိုလာရောက် သတ်သေဖိုဖိတ်ခေါ်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ တောအုပ်ထဲက အလောင်းအရေအတွက်ကိုအတိအကျသတ်မှတ်ဖိုခက်ခဲပေမယ့်လည်း ၂၀၀၃ ခုနှစ်တစ်ခုတည်းမှာ ၁၀၅ လောင်းတွေ့ခဲ့ပြီး၂၀၁၂ ကအလောင်း ၂၀၀နီးပါးတွေ့ခဲ့ပါတယ်။ အဲ့ဒီနောက်တော့အစိုးရကသေဆုံးသူအရေအတွက်ထုတ်ပြန်ဖိုကို ခွင့်မပြုတော့ပါဘူး။


2. တောအုပ်ကြီးက Suicide လုပ်လိုသူများအတွက်ဒုတိယစွဲဆောင်မှုအရှိဆုံးနေရာဖြစ်တယ်

Suicide forest ဆိုတဲ့နာမည်အတိုင်းပဲ တောအုပ်ကြီးဟာတော်တော်လေးကိုနာမည်ကျော်တဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ်လိုတော့ အမေရိကန်ဆန်ဖရန်စ္စကို က Golden Gate

 တံတားကြီးလောက်တော့ သတ်သေတဲ့သူ မများသေးပါဘူး။


3. တောအုပ်ကြီးက သရဲစီးနေတယ်

ဒေသခံတွေရဲ့ပြောစကားတွေအရတောအုပ်ကြီးဟာ သရဲစီးနေပါတယ်။ ဒါဟာ တောအုပ်ထဲမှာလာရောက်သေဆုံးပြီးမကျွတ်မလွတ်သူတွေ ရှိနေတာကြောင့်လိုလည်းဆိုပါတယ်။


4. တောအုပ်ထဲဝင်ပြီးမိုင်ဝက်ကျော်တာနဲ့၊ လူ့အသက်တွေပျောက်ဆုံးသွားလေ့ရှိတယ်

တောအုပ်ကြီးဟာ သိပ်သည်းပြီး၊သစ်ပင်တွေလည်းများလွန်းတာရယ် ချော်ရည်တွေရဲ့ အသံကိုစုပ်နိုင်စွမ်းကြောင့်တိတ်ဆိပ်လွန်းတာတွေကြောင့် တောနက်လာလေလေ စိတ်ချောက်ခြားလေလေဖြစ်လာတတ်ပါတယ်။တောထဲလမ်းပျောက်တာ၊ စိတ်ခြောက်ခြားတာဖြစ်တာတွေကြောင့်လည်း သေဆုံးမှူတွေဖြစ်တတ်ပါတယ်။


5. တောထဲရောက်ရင်သံလိုက်အိမ်မြှောင်ကထူးဆန်းသွားတယ်

တောထဲရောက်ဖူးသူတွေပြောကြတာကတောထဲရောက်ရင် သံလိုက်အိမ်မြောင်က အမှန်မပြတော့ပါဘူး။ အချိုကတော့ ပတ်ဝန်းကျင်ကမမြင်အပ်တဲ့သတ္တဝါတွေကြောင့်လို ပြောကြပေမယ့် ပညာရှင်တွေကတော့ တောအုပ်ထဲကချော်ရည်မှာပါတဲ့ iron ဓာတ်ကြောင့်လိုပြောထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်အခုလိုခြောက်ခြားစရာကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ တောအုပ်ကြီးဆီအလည်မသွားချင်ကြဘူးလား ပရိသတ်ကြီးတို။




Some text some message..