လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အမျိုးသမီးတွေသာလျှင် ထီးဆောင်းခွင့်ရှိခဲ့
mmload.com
|
2022-07-25

မိုးရာသီအတွကိ မရှိမဖြစ်လိုအပ်တဲ့အရာကတော့ ထီးပါပဲ။ တချို့သူတွေကတော့ မိုးကာဝတ်ကြပေမယ့်လို့ အများစုကတော့ ထီးပဲဆောင်းကြပါတယ်။ ထီးကမိုးရွာမှ သုံးလို့ရတာမျိုးမဟုတ်ပဲ နေပူထဲမှာလည်း သုံးလို့ရပါတယ်။ ဒါပေမယ့် သင်သိပါသလား။ ထီးတွေက တစ်ခါတုန်းက အမျိုးသမီးတွေပဲ သုံးခွင့်ရှိခဲ့တာပါ။ ဒါကြောင့် ထီးရဲ့သမိုင်းအကြောင်းကို လေ့လာကြည့်လိုက်ကြရအောင်။


ရယ်စရာကောင်းတာက ထီးဟာ မိုးရွာတာကြောင့် ဖန်တီးပြုလုပ်ခဲ့တာမဟုတ်ပဲ နေရောင်ခြည်ကြောင့် လူတွေလက်ထဲ ရောက်ရှိလာတာဖြစ်ပါတယ်။ သမိုင်းပညာ‌ရှင်တွေပြောကြားချက်အရ ထီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၄၀၀ မက်ဆိုပိုတေးမီးယားကနေ ဆင်းသက်လာခဲ့တာပါတဲ့။တကယ်တော့ “umbrella” ဆိုတဲ့ စကားလုံးဟာ လက်တင်စကားလုံး umbra မှဆင်းသက်လာပြီး အရိပ်လို့ အဓိပ္ပာယ်ရပါတယ်။


ဘီစီ ၁၂၀၀ မှာ အီဂျစ်ထီးတော်ဟာ ဘာသာရေးအရ အရေးပါလာခဲ့ပါတယ်။ ခြေချောင်းများနှင့် လက်ချောင်းထိပ်များနဲ့ပဲ မြေကြီးကို ထိတာကြောင့် ကောင်းကင်နတ်ဘုရားမ " Nut " ကို ထီးဖြင့်ကိုယ်စားပြုခဲ့ကြပါတယ်။ ဒါကြီးက ထီးပုံစံနဲ့တော့ မတူပေမယ့်လည်း သမိုင်းပညာရှင်တွေကတော့ ဒီလိုပဲ ပြောခဲ့ကြပါတယ်။ အမျိုးသားတွေက သူမကို ကိုယ်စားပြုဖို့ ထီးတွေလုပ်လာပြီး တော်ဝင်မျိုးနွယ်တွေက သယ်‌‌ဆောင်ခဲ့ကြပါတယ်။ မွန်မြတ်လှတဲ့ ထီးတော်အောက်မှာ ရပ်တည်ရခြင်းဟာ အလွန်ဂုဏ်ယူဖွယ်ကောင်းလှခဲ့ပါတယ်။


ဂရိနဲ့ ရောမလူမျိုးများဟာ အီဂျစ်ယဉ်ကျေးမှုရဲ့ ပစ္စည်းအများအပြားကို ပုံစံတူ တုခဲ့ကြပေမယ့်လည်း ထီးရောက်လာတဲ့အခါ ဒါဟာ အမျိုးသမီးများအတွက်သာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ရောမအမျိုးသမီးများဟာ သူတို့ရဲ့ထီးတွေကို ဆီလိမ်းခြင်းဟာ ရေစိုခံတယ်လို့ ယုံကြည်တဲ့သူတွေ ဖြစ်လာခဲ့ပါတယ်။ အများသူငှာ ပွဲလမ်းသဘင်များ (ပြင်ပပွဲကြည့်စင်များ) မှာ မိုးဖွဲဖွဲလေးကျလာတဲ့အခါ အမျိုးသမီးအားလုံးဟာ အခြားသူများ ကြည့်ရှုရခက်ခဲစေလောက်အောင် ထီးတွေကိုဖွင့်ခဲ့ကြပါတယ်။


ပထမရာစုမှာ ဒီပြဿနာနဲ့ပတ်သက်ပြီး အင်ပါယာဟာ ဖြေရှင်းရမယ်ဆိုတဲ့ ငြင်းခုံမှုများရှိခဲ့ပါတယ်။ သူဟာ မိန်းမတွေကို အုပ်စိုးကတည်းက ထက်မြက်တဲ့သူဖြစ်ရမှာပါ။ အချိန်အမ‌ျားစုမှာ အထူးသဖြင့် ၁၈ ရာစုထိ ထီးများဟာ အမျိုးသမီးတွေရဲ့ အသုံးအဆောင်အဖြစ် ရှိနေခဲ့ပါတယ်။Jonas Hanway (ဂျိုးနက်စ် ဟန်ဝေး) ဆိုတဲ့ ဗြိတိန်လူမျိုး လူကြီး လူကောင်းတစ်ယောက်ဟာ ဒီကိစ္စကြီးကို ပြောင်းလဲချင်ခဲ့ပါတယ်။ Hanway ဟာ ချမ်းသာတဲ့သူမို့ သူဟာ သွားလေရာထီးတစ်ချောင်း ဆောင်းသွား‌လေ့ရှိပြီး အမျိုးသားတွေအတွက်လည်း ထီးဟာ သင့်တော်ကြောင်းကို အသိုင်းအဝိုင်းက အပြည့်အဝလက်ခံဖို့ ပြုလုပ်ခဲ့ပါတယ်။


Hanway ဟာ သူ့ကိုမြင်သူတိုင်းရဲ့ ဝေဖန်ကဲ့ရဲ့ခြင်းကို ခံနိုင်ရှည်ရှိခဲ့ပါတယ်တဲ့။ ဒါပေမယ့် မကျေမနပ်ဖြစ်ကာ နေရာတိုင်း (မိုးရွာရွာ နေပူပူ) ထီးဖွင့်ပြီး သွားခဲ့ပါတယ်။Hanway ကအမြဲဒီလိုပြုမှုနေတာကြောင့် လူတွေက ကြာလာတဲ့အခါ ထီးရဲ့အသုံးဝင်ပုံကို မြင်လာ‌ပါတော့တယ်။ တခြားစီးပွားရေးသမားတွေက မိုးရွာနေတဲ့ လန်ဒန်မှာ သူတို့လိုရာအရပ်ကို သွားဖို့ တစ်ယောက်စီးကား ငှားနေရပေမယ့် Hanway ကတော့ ထီးတစ်ချောင်းနဲ့ ပတ်သွားနေခဲ့ပါတယ်။ ဒါကြီးက နှစ် ၃၀ လောက်ကြာခဲ့ပါတယ်။ သူ့ဘဝရဲ့ အဆုံးမှာတော့ ထီးတွေကို “ဟန်ဝေး” လို့ ခေါ်ဆိုခဲ့ကြပါတယ်။ ဒီအမျိုးသားကြောင့် ‌အမျိုးသားတွေဟာ ထီး ဆောင်နိုင်ခဲ့တယ်ဆိုလည်း မမှားပါဘူး။ သူကြောင့်ပဲ ထီးတွေဟာ အမျိုးသမီးအသုံးအဆောင် မဖြစ်ခဲ့တော့တာပါ။




Some text some message..