
ကမ္ဘာပေါ်မှာ အလှဆုံးငှက် တစ်နည်း ပုံမှန်ခေါ်လေ့ရှိကြတဲ့ မန်ဒရင် ဘဲမျိုး ဟာ အကောင် ၁၀၀ မှာ တစ်ကောင်တောင်တွေ့ရခဲတဲ့ ရှားပါး ဘဲမျိုးစိတ်ပဲ ဖြစ်ပါတယ်။ ခမ်းနားထည်ဝါတဲ့ ရောင်စုံအမွေးအတောင်များနှင့် ထူးခြားတဲ့ ပုံသဏ္ဍာန်ကတော့ ကျွန်တော်တို့တွေ မြင်ဖူးကြတဲ့ အခြားဘဲတွေနဲ့ တော်တော်လေးလေးကို မတူတာတော့အမှန်ပါ။ သူ့ရဲ့ ဇာတိကတော့ အရှေ့အာရှကဖြစ်ပေမယ့် ယူကေမှာလည်း အကောင်ရေ အနည်းငယ်ရှိတာ တွေ့ရပါတယ်။

ဒီဘဲမျိုးစိတ်ကို ၂၀ ရာစုလောက်က မန်ဒရင်းလူမျိုးများက တရုတ်ပြည်ကနေ ဒီဘဲမျိုးစိတ်ကို ယူလာခဲ့ပြီး အချို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ရေးသားထားတာလည်း ရှိပါတယ်။ ဓာတ်ပုံထဲမှာတော့ သင်မြင်တွေ့ရတဲ့အတိုင်း ဘဲဟာ အရောင်အသွေးစုံလင်ပြီး လှပနေတာပါ။ မျက်လုံးများပေါ်မှာ အဖြူလခြမ်း၊ လိမ္မော်ရောင်မျက်နှာနှင့် 'ပါးသိုင်းမွှေးများပါရှိပြီး ဝမ်းဗိုက်ကိုတော့ ကြေးဝါရောင်နှင့် ခရမ်းရောင်တို့က ဝန်းရံ ပံ့ပိုးပေးထားတာ တွေ့ရပါတယ်။

နောက်ကျောရဲ့ ထိပ်ပိုင်းကတော့ အပြာရောင်ဖြစ်ပြီး လှေရွက်ရွက်ကဲ့သို့ ကပ်လျက်အနေအထား အလှဆင်ထားတာပါ။ ဒါပေမယ့် ဒီလိုကာလစုံရှိတာက ဘဲအထီးများသာ ရှိတာပါ။ အမများကတော့ သာမန်ဘဲတွေနဲ့ အရောင်အားဖြင့် တူညီပါတယ်။

ပုံမှန်အရောင်အားဖြင့် မီးခိုးမှိုင်းရောင်ရှိပြီး မျက်လုံးများမှာ အဖြူရောင်အစင်းကြောင်းများနှင့် ရင်သားအဖြူကွက်များပါရှိတာ ဖြစ်ပါတယ်။

မြောက်အမေရိကမှာတေ့ ဒီကောင်တွေကို တွေ့ဖို့ ဖြစ်နိုင်ပေမယ့် အလွန်ရှားပါတယ်။မန်ဒရင်ဘဲများက ရေချိုကိုသာ သဘောကျပြီး မြစ်ကမ်းစပ်များရှိ ချုံပုတ်ထူထပ်တဲ့ နေရာများမှာ နေထိုင် ပေါက်ပွားကြတာဖြစ်ပါတယ်။

အပင်များနှင့် အစေ့များကို စားသုံးလေ့ရှိသော်လည်း ရာသီပေါ် မူတည်ပြီး ခရုများ၊ အင်းဆက် သို့မဟုတ် ငါးငယ်များကို နှစ်သက်ကြပါတယ်။