လိမ္မော်သီးတိုင်းဟာ လိမ္မော်ရောင်မဟုတ်တာ သင်သိပါသလား
mmload.com
|
2022-07-29

လိမ္မော်သီးဟာ သူတို့ရဲ့ အရောင်ကြောင် လိမ္မော်သီးလို့ ပေးထားတာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လိမ္မော်သီးတိုင်းက လိမ္မော်ရောင်မဟုတ်လို့ပါ။ အသီးအနှံများစွာရဲ့ မူလဇစ်မြစ်ဟယ လျှို့ဝှက်ဆန်းကြယ်နေ‌ပေမယ့်လည်း လိမ္မော်သီးကတော့ လျှို့ဝှက်မဆန်းကြယ်သလိုမျိုးဖြစ်‌နေပါတယ်။ မသိရင် သူရဲ့ အရောင်ကြောင့် နာမည်ပေးထားသလိုပါပဲ။


တကယ်တော့ အနီရောင်နဲ့ အဝါရောင်ကြားက အရောင်ကို ဖော်ပြဖို့ 'လိမ္မော်ရောင်' ဆိုတဲ့ စကားလုံးကို ဥရောပမှာ အသီးပေါ်ပြီး နှစ်သုံးရာကြာတဲ့အထိ မသုံးခဲ့ကြလို့ပါ။လိမ္မော်သီးရဲ့ နာမည်ဟာ Sanskrit ဘာသာစကားမှ " မွှေး " ဆိုတဲ့ "Naranja" စကားလုံးကနေ ရရှိခဲ့တာဖြစ်ပါတယ်။ "Naranja " လို့ရှာလိုက်ရင် လိမ္မော်သီးကို တွေ့မြင်ရမှာပါ။


လိမ္မော်သီးတွေဟာ ပူနွေးတဲ့ နိုင်ငံတွေမှာ အစိမ်းရောင် ဖြစ်တတ်ပါတယ်။ အသီးအနှံများစွာဟာ အနည်းငယ်စိမ်းနေချိန်တွင် ခူးဆွတ်ပြီး စတိုးဆိုင်တွေ ဘာတွေမှာ သယ်ယူစဉ် မှည့်တတ်ပါတယ်။ အခြားတစ်ဖက်တွင်မူ လိမ္မော်သီးစိမ်းအများစုဟာ လုံးဝမှည့်‌နေပါပြီ။ လိမ္မော်ရောင်ပြောင်းသွားတဲ့အခါမှာတော့ သူတို့ဟာ ပုပ်ကုန်ပါတယ်။လိမ္မော်သီး အစိမ်းရောင်ဟာ သူ့ရဲ့ သဘာဝအရောင် လုံလောက်စွာ မရရှိခြင်းကို ညွှန်ပြနေတာမဟုတ်ပါဘူး။


အသီးဟာ ကလိုရိုဖီးလ် အပြည့်ကို စုပ်ယူထားတာ‌ကြောင့်ပါပဲ။ ပူနွေးပြီး နေသာတဲ့ နိုင်ငံများမှာ ကလိုရိုဖီးလ်ဟာ အသီးထဲမှာ ရှိပါတယ်။ အသီးကို အအေးနဲ့ ထိတွေ့တဲ့အခါမှသာ ကလိုရိုဖီးလ်တွေ ပျောက်ပြီး လိမ္မော်ရောင် ဖြစ်လာမှာပါ။တောင်အမေရိကနိုင်ငံများနှင့် အီကွေတာအနီး အပူပိုင်းနိုင်ငံများမှာ လိမ္မော်သီးများဟာ တစ်နှစ်ပတ်လုံး စိမ်းလန်းနေပါတယ်။


အမေရိကန်ပြည်ထောင်စုမှာ နွေဦးပေါက်ရာသီတွင် လိမ္မော်သီးများ သို့မဟုတ် ဆောင်းဦးနှောင်းပိုင်းတွင် စိုက်ပျိုးတဲ့ လိမ္မော်သီးများဟာ သဘာဝအတိုင်း လိမ္မော်ရောင်ကို ပြောင်းလဲကြပါတယ်။




Some text some message..