လူအများစု ယုံကြည်ကြတဲ့ Dream Catcher တွေရဲ့ စွမ်းအားအကြောင်း
mmload.com
|
2022-08-01

Dream Catcher ဆိုတာ မူလအမေရိကန်လူမျိုးတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ရိုးရာယုံကြည်မှုတွေထဲကတစ်ခု ဖြစ်ပါတယ်။ Dream Catcher တွေက အိမ်မက်ဆိုးတွေကနေ တားဆီးကာကွယ်ပေးပြီး အိပ်မက်ကောင်းတွေ ရရှိလာစေဖို့ ကူညီပေးတဲ့ အဆောင်တစ်ခုလို့ အမေရိကန်လူမျိုးတွေက ထည်ထည်ဝင်ဝင်ယုံကြည်ကြပါတယ်။ Dream Catcher တွေအကြောင်းကို အသေးစိတ်လေး ဆက်ပြီး ရှင်းပြပေးသွားပါမယ်နော်။


Dream Catcher ဆိုတာ ..


Dream Catcher တွေက မြောက်အမေရိကားတိုက်သားတွေရဲ့ ဘိုးစဉ်ဘောင်ဆက် အမွေအနှစ် ဖြစ်ပါတယ်။ Dream Catcher တွေက မြောက်အမေရိကားတိုက်သား တွေရဲ့အစဉ်အလာတစ်ခုဖြစ်တဲ့ အဝိုင်းနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။


မြောက်အမေရိကားတိုက်သားတွေက အဝိုင်းသင်္ကေတတွေကိုအထွတ်အမြတ်ထားကြပြီး ခွန်အားနဲ့စည်းလုံးမှု အဖြစ် မှတ်ယူကြပါတယ်။မြောက်အမေရိကားတိုက်သား တွေရဲ့ အထွတ်အမြတ် သင်္ကေတတွေ အများစုက အဝိုင်းတွေနဲ့စကြတာဖြစ်တာကြောင့် အဲဒီကနေတဆင့် Dream Catcher တွေ ဖြစ်လာတာပါ။

Dream Catcher ရဲ့ စွမ်းအား


မြောက်အမေရိကားတိုက်သားတွေက ညဘက်မှာ တိုက်ခတ်တဲ့ လေတွေကို အိပ်မက်ကောင်းနဲ့ အိပ်မက်ဆိုး နှစ်ခု ယူဆောင်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် Dream Catcher ကို အိပ်ရာရဲ့ အနီးမှာ ထားရင် ညဘက်တိုက်ခတ်လာတဲ့လေနဲ့အတူ ပါလာတဲ့ အိပ်မက်တွေက Dream Catcher ထဲကို ဖြတ်သန်းသွားတယ်လို့ ယူဆကြပါတယ်။


Dream Catcher ထဲကို ဝင်လာတဲ့ အိပ်မက်တွေထဲမှာအိပ်မက်ကောင်းတွေက Dream Catcher ထဲက အပေါက်လေးတွေထဲက တဆင့်နူးညံ့တဲ့ငှက်မွှေးလေးတွေထဲကို ညှင်သာစွာ လျှောဆင်းသွားပြီး အိပ်မက်မက်လို့မက်နေမှန်းမသိအောင် ဖန်တီးပေးတယ်လို့ သိရပါတယ်။ အိပ်မက်ဆိုးတွေကတော့ DreamCatcher ထဲကနေ ဖြတ်သန်းမသွားနိုင်ဘဲ ကွင်းအဝိုင်းထဲမှာပဲ ကပ်ညိနေကာ နောက်တစ်နေ့ နေအလင်းရောင် ရတဲ့အချိန်မှာနေရောင်နဲ့ထိပြီး ပျောက်ကွယ်သွားကြတယ်လို့ ယုံကြည်ကြပါတယ်။

Dream Catcher ကို ဘယ်လိုဖန်တီးထားလဲ  …


Dream Catcher ဆိုတာ မူလအမေရိကန်လူမျိုးတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ရိုးရာယုံကြည်မှုတွေထဲကတစ်ခု ဖြစ်ပါတယ်။ Dream Catcher တွေက အိမ်မက်ဆိုးတွေကနေ တားဆီးကာကွယ်ပေးပြီး အိပ်မက်ကောင်းတွေ ရရှိလာစေဖို့ ကူညီပေးတဲ့ အဆောင်တစ်ခုလို့ အမေရိကန်လူမျိုးတွေက ထည်ထည်ဝင်ဝင်ယုံကြည်ကြပါတယ်။ Dream Catcher တွေအကြောင်းကို အသေးစိတ်လေး ဆက်ပြီး ရှင်းပြပေးသွားပါမယ်နော်။

Dream Catcher တစ်ခုဖြစ်လာဖို့အတွက် မိုးမခကြိုး ၊ ငှက်မွှေး နဲ့ ပုတီးစေ့တွေ အသုံးပြုရတယ်လို့ သိရပါတယ်။ Dream Catcher တွေက လူတစ်ယောက်ရဲ့ အိပ်မက်တွေကို ဖမ်းယူစစ်ထုတ်နိုင်တယ်လို့ ယုံကြည်ကြတာကြောင့် အိပ်မက်ဆိုးကြောင့် အိပ်မပျော်တဲ့သူတွေ အများစု အိပ်ရာအနားမှာ အဆောင်ပစ္စည်းတစ်ခုလိုမျိုး ချိတ်ဆွဲထားလေ့ရှိပါတယ်။


ဥရောပနိုင်ငံ အများစုက မိဘတွေကတော့ Dream Catcher လေးတွေကို ကလေးသူငယ်လေးတွေရဲ့ အိပ်ရာဘေးနားမှာ ထားပေးလေ့ရှိကြပါတယ်။




Some text some message..