ပြတ်သွားတဲ့မျက်လုံးကို အကောင်းပကတိအတိုင်း ပြန်ဖြစ်အောင် ပြုလုပ်နိုင်ကြတဲ့ ခရုများ
mmload.com
|
2022-08-04

လျှို့ဝှက်ဆန်းကြယ်စွာပဲ ခရုများ (Family Ampullariidae) ဟာ Cephalic Eyetalk ရဲ့ထိပ်ဆုံးမှာ ဖွဲ့စည်းတည်ဆောက်ပုံအရ ရှုပ်ထွေးတဲ့ မျက်လုံးများကို ပိုင်ဆိုင်ထားတဲ့ ရေနေသတ္တဝါများဖြစ်ပါတယ်။ဒီအညှာနဲ့ ဆက်စပ်နေတဲ့ တခြားအာရုံခံအင်္ဂါတွေကို‌တော့ မတွေ့ပါဘူး။


ဒီခရုများဟာ သူတို့ရဲ့ ရှည်လျားတဲ့ မျက်လုံးကို အလယ်ကနေ ဖြတ်တောက်ခံရပြီးတဲ့အခါ မျက်လုံး လုံးလုံးပြန်ပေါက်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ဖြတ်တောက်ခြင်းဟာ မျက်လုံးခွံတစ်ခုလုံးရဲ့ ဆယ်လူလာ တစ်ခုလုံးကို လုံးလုံးလျားလျား ပြောင်းလဲစေပါတယ်။


အထူးသဖြင့် မျက်လုံးရဲ့ အထွတ်မှာ ပေါင်းစပ်ထားတဲ့ Epithelium (အရေးပြားတစ်မျိုး) ဟာ တိမ်အကွဲကြောင်း သို့မဟုတ် "မျက်ခမ်း" ကို ဖြစ်ပေါ်စေပါတယ်။ မျက်လုံး အစိတ်အပိုင်းအားလုံးရဲ့ ကွဲပြားမှုဟာ ဒီ Epithelial ဆဲလ်များကို ကူးပြောင်းသတ်မှတ်ခြင်းဖြင့် ဖြစ်ပေါ်စေပါတယ်။


အဖြတ်ခံရပြီး 14 ရက်ပြီးတာနဲ့ မျက်လုံးအသစ်ရဲ့ သူငယ်အိမ်ကနေ အသွင်အပြင်ကို ခွဲခြားသိမြင်နိုင်ပါတယ်။ ပြီးပြည့်စုံတဲ့ မျက်လုံးများ (ပြင်ပကြည့်ရှုမှုအားဖြင့်) ဟာ မူလမျက်လုံးများထက်သေးငယ်‌ပေမယ့်လည်း ၂၅ ရက်ကြာပြီတဲ့အခါ ပြန်လည်ဖွံ့ဖြိုးလာပါတယ်။


ခရုမျိုးနွယ်တွေလို တခြားမျိုးနွယ်တွေလည်း ပြတ်သွားတဲ့နေရာက တစ်သျှုးတွေကို အကောင်းတိုင်ဖြစ်အောင် ပြန်လည်ပြုလုပ်နိုင်ပါတယ်။




Some text some message..