လူ့ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ အထူးဆန်းဆုံးနဲ့ အံ့ဩစရာအကောင်းဆုံး ၁၆ ချက်
mmload.com
|
2022-08-17

လူအရိုးခြောက်ကို အရိုးပေါင်း ၂၀၆ ချောင်းနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သင်သိပါသလား။ ဆိုတော့ ခုဖော်ပြမှာက လူ‌ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ထူးထူးဆန်းဆန်းအချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။


၁။ သင်မျက်လုံးဟာ တစ်မိနစ်အတွင်း အချက် ၂၀ မျက်တောင်ခတ်ပါတယ်။ တစ်နှစ်မှာဆို သင့်မျက်တောင်ခတ်တဲ့အကြိမ်ဟာ ၁၀ သန်းကျော်ပါတယ်။


၂။ သင်နားဟာ ဘယ်တော့မှ ကြီးထွားမှုနှုန်း မရပ်ပါဘူး။


၃။ နားထဲကချေးတွေရဲ့အရသာဟာ ချိုတဲ့ဘက်ကို သွားပါတယ်။


၄။ လျှာကို အရသာခံဘူးပေါင်း ၈၀၀၀ ခန့်ဖြင့် ဖုံးအုပ်ထားပြီး တစ်ခုစီမှာ သင့်အစားအစာကို မြည်းစမ်းရန် ကူညီပေးတဲ့ ဆဲလ်ပေါင်း ၁၀၀ အထိ ပါဝင်ပါတယ်။

၅။ သင့်တစ်သက်တာမှာ တံတွေးကို လီတာ ၄၀,၀၀၀ ခန့် ထုတ်လုပ်ပါတယ်။ ဒါမှမဟုတ် နောက်တစ်နည်းပြောရရင် ရေချိုးကန်ငါးရာလောက်ကို ဖြည့်ဖို့ တံတွေးထွေးလိုက်ရုံပါပဲ။

၆။ ပျမ်းမျှနှာခေါင်းဟာ တစ်နေ့ကို နှာစေးချွဲ တစ်ခွက်ခန့် ထွက်ပါတယ်။


၇။ သင်ဟာ မနက်ခင်း ပထမဆုံး အိပ်ရာထချိန်မှာ အိပ်ရာ၀င်ချိန်ထက် ၁ စင်တီမီတာလောက် ပိုမြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်ဘက်မှာ သင့်အရိုးများကြားရှိ အရိုးနုများဟာ ကွဲအက်ကာ ဖိမိနေသောကြောင့်ဖြစ်ပါတယ်။

၈။ သင်ဟာ တစ်ရက်ကို ၁၂ နာရီလမ်းလျှောက်မယ်ဆိုရင် သာမန်လူတစ်‌‌ယောက်အတွက် ကမ္ဘာပတ်ဖို့ ရက်ပေါင်း ၆၉၀ ကြာပါတယ်.

လူအရိုးခြောက်ကို အရိုးပေါင်း ၂၀၆ ချောင်းနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သင်သိပါသလား။ ဆိုတော့ ခုဖော်ပြမှာက လူ‌ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ထူးထူးဆန်းဆန်းအချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။


၉။ ဘယ်တော့မှ မပင်ပန်းနိုင်တဲ့ တစ်ခုတည်းသော ကြွက်သားက နှလုံးပါ။

၁၀။ သင့်အရေပြားဟာ မျက်နှာပြင်တစ်ခုလုံးကို လစဉ် အစားထိုးပါတယ်။ ဆိုလိုတာကတော့ သင့်ဘ၀မှာ မတူညီတဲ့ အရေပြား 1,000 ခန့်ရှိပါတယ်။

၁၁။ ခန္ဓာကိုယ်ပေါ်မှာ ချွေးပေါက် ၂.၅ သန်းရှိပါတယ်။

၁၂။ မိနစ်တိုင်းမှာ သင့်ခန္ဓာကိုယ်ဟာ အရေပြားဆဲလ်သေ 30,000 ကျော်ကို ဖယ်ရှားပေးတယ်။

၁၃။ တကယ်လို့ သင်ဟာ အသက် 70 နှစ်ထိ အသက်ရှင်နေပါက သင့်နှလုံးဟာ အကြိမ်ပေါင်း 2.5 ဘီလီယံခန့် ခုန်နေမှာ ဖြစ်ပါတယ်။


၁၄။ လူအများစုဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ပျမ်းမျှအားဖြင့် တစ်နှစ်ပတ်လောက်ကို အိမ်သာမှာ ထိုင်လေ့ရှိကြပါတယ်။ အိမ်သာထိုင်ခဲ့တဲ့အချိန်တွေပေါင်းရင် အဲ့လောက်ရှိမယ်မထင်ခဲ့ဘူး။

၁၅။ ပျမ်းမျှအားဖြင့် ပါတီပူဖောင်းဖြည့်ရန်အတွက် တစ်ရက်မှာ သင်ဟာ လုံလောက်စွာ လေလည်နိုင်ပါတယ်။ သင်တစ်နေ့တာ လေလည်နှုန်းက ပူဖောင်းတွေတောင် ဖြည့်နိုင်တယ်တဲ့နော်။

၁၆။ တစ်လကို ကျွန်တော်တို့ ‌အပေါ့သွားတဲ့ ကျင်ငယ်ရည်ဟာ ရေချိုးဇလုံးဖြည့်နိုင်ပါတယ်။




Some text some message..