မြင်းကျား နှင့် မြင်း ဘာတွေကွာခြားလဲ...?
mmload.com
|
2022-08-30

မြင်းကျားနှင့် မြင်းမျိုးစိတ်အချို့က အာဖရိကတိုက်ရဲ့ နေရာအနှံ့အပြားမှာ နေထိုင်ကြပြီး နှစ်ကောင်စလုံးက ကိုယ်ပိုင်အရည်အသွေးတွေနဲ့ အလှကိုယ်စီရှိကြတာဖြစ်ပါတယ်။ ဒါပေမယ့် မြင်းကျား နှင့် မြင်း များဟာ ပုံမှန်အားဖြင့် Genus Equus မှဆင်းသက်လာကြပေမယ့် အနည်းငယ် ကွာခြားချက်တွေရှိကြပါတယ်။ သူတို့ကြားမှာ အကြီးမားဆုံး ကွာခြားချက်ကတော့ သူတို့ရဲ့ အရွယ်အစား ၊ အမြန်နှုန်း ၊ အရောင် နှင့် နားရွက် ဖြစ်ပါတယ်။


(၁) အရွယ်အစား ၊ ကိုယ်အလေးအချိန်

မြင်းကျားများက ပုံမှန်းအားဖြင့် မြင်းတွေထက်အရွယ်အစားသေးငယ်ပါတယ်။ မြင်းကျားအများစုကတော့ အရပ် ၃.၈ပေ နှင့် ၅.၂၅ပေကြားမှာ ရှိကြပြီးအရှည် ၉ ပေအထိ ကြီးထွားကြပါတယ်။  မြင်းများကတော့အမြင့် ၅ ပေ မှ ၇ ပေအကြား အမြင့်ဆုံးရှိနိုင်ပြီး အရှည် ၈ ပေခန့်အထိ ကြီးထွားနိုင်ပါတယ်။ဆိုလိုတာက မြင်းများက မြင်းကျားထက် အရွယ်အစားပိုကြီးပေမယ့် မြင်းကြားများက မြင်းများထက်ပိုရှည်ကြတယ်လို့ ပြောတာပါ။အလေးချိန်အားဖြင့် ကြည့်မယ်ဆိုရင်လည်း မြင်းများကပေါင် ၆၀၀ မှ ၁,၂၀၀ ပေါင်းကြား အလေးချိန်ရှိကြပြီး မြင်းကျားများရဲ့ အလေးချိန်က အများဆုံးပေါင် ၉၀၀ လောက်သာရှိကြပါတယ်။ ယေဘုယျအားဖြင့် မြင်းများဟာ မြင်းကျားများထက်ပိုကြီးပြီး လေးကြပါတယ်။မြင်းကျားနှင့် မြင်းမျိုးစိတ်အချို့က အာဖရိကတိုက်ရဲ့ နေရာအနှံ့အပြားမှာ နေထိုင်ကြပြီး နှစ်ကောင်စလုံးက ကိုယ်ပိုင်အရည်အသွေးတွေနဲ့ အလှကိုယ်စီရှိကြတာဖြစ်ပါတယ်။ ဒါပေမယ့် မြင်းကျား နှင့် မြင်း များဟာ ပုံမှန်အားဖြင့် Genus Equus မှဆင်းသက်လာကြပေမယ့် အနည်းငယ် ကွာခြားချက်တွေရှိကြပါတယ်။ သူတို့ကြားမှာ အကြီးမားဆုံး ကွာခြားချက်ကတော့ သူတို့ရဲ့ အရွယ်အစား ၊ အမြန်နှုန်း ၊ အရောင် နှင့် နားရွက် ဖြစ်ပါတယ်။


(၂) အရောင်

မြင်းကျားများမှာတော့ ပုံမှန်အားဖြင့် ခန္ဓာကိုယ်ပေါ်မှာဒေါင်လိုက် အဖြူရောင်နှင့် အနက်ရောင် အစင်းကြောင်းများ ရှိကြတာဖြစ်ပါတယ်။ မြင်းများကတော့ပုံမှန်အားဖြင့် အဖြူ ရောင်၊ မီးခိုးရောင် ၊ အနက်ရောင် ၊ အုန်းခြောက်အခွံ ရောင်များရှိကြတာဖြစ်ပါတယ်။ အချို့မှာ မျိုးရိုးဗီဇအလျှောက် အရောင်ကွဲပြားကြတာတွေလည်း ရှိပါတယ်။


(၃) ပြေးနှုန်း

မြင်းကျားများက အမြင့်ဆုံးမြန်နှုန်းက တစ်နာရီမိုင် ၄၀ နှုန်းလောက်ထိ ပြေးနိုင်ပြီး မြင်းများက အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ၅၅ မိုင်အထိ လျှင်မြန်စွာ ပြေးနိုင်ပါတယ်။ ဒါက မြင်းများရဲ့ စံချိန်တင်ပြေးနှုန်းပါ။အလွန်အလျင်အမြန်ပြေးနိုင်ကြပေမယ့်လည်း ပုံမှန်အားဖြင့် တစ်နာရီ မိုင် ၃၀ မှ ၄၅ မိုင်ကြားလောက်သာပြေးကြပါတယ်။


(၄) နားအရှည်

မြင်းကျားနှင့် မြင်းများရဲ့ နားရွက်များဟာ ပုံမှန်အားဖြင့်မြင်းကျားနားရွက်က ပိုရှည်ပါတယ်။ သူ့နားရွက်ရဲ့ နားရွက်ရှည်ပုံက လုံးဝန်တာကြောင့် မြည်းတစ်ကောင်နဲ့တောင်ဆင်တူပါတယ်။ မြင်းနားရွက်ကတော့ မြင်းကျားများထက် ပိုတိုပြီး ထောင့်မှန်ကျပါတယ်။ဒါကြောင့် မြင်းကျားနှင့် မြင်းများဟာ အမျိုးအစားများစွာ ဆင်တူကြပေမယ့် အရွယ်အစား၊ မြန်နှုန်း ၊ အရောင်နှင့် အခြားအရာများ အနည်းငယ် ကွာခြားမှုတော့ ရှိပါတယ်။




Some text some message..