ကမ္ဘာ့အကြီးဆုံး ကြောင်ကြီးမျိုးနွယ်နဲ့ပတ်သက်ပြီး သိရှိထားသင့်တဲ့ အချက် ၁၀ ချက်
mmload.com
|
2022-09-20

သင့်အနေနဲ့ ကြောင်ကြီးမျိုးနွယ်ကို ကြားဖူးမယ် ထင်ပါတယ်။ အဲ့ထဲမှာ ခြင်္သေ့တွေ ကျားတွေ စသဖြင့်ပါ၀င်ပါတယ်။ ခုတစ်ခါမှာတော့ ကျားနဲ့ပတ်သက်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကမ္ဘာပေါ်မှာ အကြီးဆုံး ကြောင်

အရွယ်ရောက်ပြီးသား ကျားတစ်ကောင်ဟာ ၃၆၅ ကီလိုဂရမ် ရှိပါတယ်။ ဒါဟာ ၁၀ နှစ်အရွယ်ကလေးရဲ့ အလေးချိန် ၁၀ ဆ နဲ့ညီမျှပါတယ်။


၂။ အသားပဲစားပါတယ်။

ကျားတွေဟာ နို့တိုက်သတ္တဝါတွေဖြစ်တဲ့ သမင်၊ တော၀က်၊ ဆိတ် နဲ့ ကျွဲလို တိရစ္ဆာန်တွေကို အဓိက စားသုံးပါတယ်။

၃။ အထီးကျန် မုဆိုးများ

ကျားတွေဟာ တစ်ကောင်တည်းအမဲလိုက်တက်ပြီး အထူးသဖြင့် ညဘက်မှာ အမဲလိုက်တက်ပါတယ်။ သူတို့ရဲ့သားကောင်ကို ဖမ်းသတ်တဲ့အခါမှာလည်း ဂုတ် ဒါမှာမဟုတ် ခေါင်းနောက်ကို ကိုက်သတ်ကြပါတယ်။

၄။ ရေကူးတဲ့နေရာမှာ ဆရာတစ်ဆူပါ။

တခြား ကြောင်မျိုးနွယ်တွေနဲ့မတူပဲ သူတို့ဟာ ဘယ်ရေအမျိုးအစား မဆို ရေကူးတတ်ပါတယ်။


၅။ ဟိန်းသံကို ၃ ကီလိုမိတာကနေ ကြားနိုင်

ကျားတစ်ရဲ့ဟိန်းသံက ၃ ကီလိုမီတာကနေ ကြားနိုင်တာမို့ သင်ကံကောင်းရင်တော့ သူနဲ့မတွေ့ခင် အသံအရင် ကြားရင်ကြားရနိုင်ပါတယ်။

၆။ အမြန်ဆုံး အခြေအနေမှာ တစ်နာရီကို ၆၅ ကီလိုမီတာ ပြေးနိုင်

ဟုတ်ပါတယ်။ ကျားတွေက ကြီးမားပေမယ့် နှေးတော့ မနှေးကြပါဘူး။

၇။ ကမ္ဘာပေါ်မှာ တည်ရှိနေတာ ကြာပြီဖြစ်တဲ့ မျိုးနွယ်

တရုတ်မှာတွေ့ရှိတဲ့ အစိတ်အပိုင်းအရ ကျားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းကျော်ကတည်းက ကမ္ဘာပေါ်မှာ ကျင်လည်နေတာပါ။


၈။ ကျားနှစ်ကောင်မှာ အစင်းကြောင်းများ တူညီခြင်း မရှိပါ။

ကျားတွေဟာ တစ်ကောင်နဲ့တစ်ကောင်မှာ မတူညီတဲ့ အစင်းကြောင်းများရှိပါတယ်။ ဒါကြောင့် သူတို့ဟာ ပို Unique ဆန်ပါတယ်။ အဲ့ဒီအစင်းကြောင်းတွေဟာ အမွှေးပေါ်မှာတင်မဟုတ်ပဲ အသားပေါ်မှာလည်း ရှိပါတယ်။

၉။ ကျားမျိုးစိတ် ၅ မျိုး

ကျားမျိုးစိတ် ၅ မျိုးကတော့ ဘင်္ဂလားကျား၊ တောင်တရုတ်ကျား၊ အင်ဒိုချိုင်းနားကျား၊ ဆူမတြားကျားနဲ့ Amur ကျား (တစ်နည်းအားဖြင့် ဆိုက်ဘေးရီးယားကျား) တို့ဖြစ်ပါတယ်။ ၀မ်းနည်းစရာကောင်းတာက ကျားမျိုးစိတ် ၃ မျိုးဖြစ်တဲ့ Caspian, Bali နဲ့ Javan တို့က မျိုးသုဉ်းသွားပါပြီ။

၁၀။ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်တုန်းက အာရှတစ်ခွင်မှာ ကျားများ ပိုတွေ့နိုင်

စိတ်မကောင်းစွာနဲ့ ကျားတွေဟာ အမဲလိုက်ခံရခြင်းကြောင့် အဲ့တုန်းကရှိတဲ့အရေအတွက်ရဲ့ ၇ ရာခိုင်နှုန်းသာ ယနေ့ချိန်မှာ ကျန်ရှိပါတော့တယ်။




Some text some message..