ရေနေသတ္တဝါတွေဆိုပေမယ့်လည်း ရေနစ်ပြီးသေသွားနိုင်တဲ့ တိရစ္ဆာန်များ
mmload.com
|
2022-09-29

ရေနေသတ္တဝါအားလုံးဟာ ရေအောက်မှာ အသက်ရှုနိုင်တယ်လို့ လူအများစုက ယူဆကြပေမယ့်လည်း အချို့အတွက်တော့ ဒါဟာ အမှန်တကယ် မဟုတ်‌နေပါဘူး။ တကယ်တော့ ရေအောက်မှာ အောက်ဆီဂျင် မရနိုင်တဲ့ ရေနေ တိရစ္ဆာန်တွေ အများကြီးရှိပါတယ်။


ရေအောက်မှာ အချိန်အကြာကြီး အသက်ရှုနိုင်ပေမယ့် လိပ်၊ ရေမြွေ၊ ခေါင်းတိုမိကျောင်း၊ ခေါင်းရှည်မိကျောင်း၊ လင်းပိုင်၊ ဝေလငါးတွေနဲ့ တခြားရေ‌နေသတ္တဝါတွေဟာ ရေအောက်မှာ အကြာကြီးထားထားရင် ရေနစ်သွားမှာကို သင်သိပါသလား။


ဘာကြောင့်လဲဆိုတော့ ဒီတိရစ္ဆာန်‌တွေမှာ လေရှူဖို့ အသုံးပြုတဲ့ အဆုတ်များ ရှိပြီး ကျွန်တော်တို့မှာဆို လေ-အသက်ရှူခြင်းလို့‌‌ခေါ်တဲ့ အရာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ သူတို့ဟာ ရေအောက်မှာ အသက်မရှူနိုင်ဘဲ အချိန်အကြာကြီး အသက်အောင့်ထားနိုင်တဲ့အစွမ်းပဲ ရှိကြတာပါ။


ပါးဟက်ပါရှိတဲ့ ငါးများနှင့်မတူဘဲ လင်းပိုင်နဲ့ ဝေလငါးတို့လို ရေနေသတ္တဝါများဟာ ရေအောက်မှာ မိနစ် 30 အထိကြာအောင်နေထိုင်နိုင်ပြီး လူတို့ရဲ့ နှာခေါင်း လုပ်ဆောင်ချက်နဲ့တူတဲ့ သူတို့ရဲ့ ဦးခေါင်းထိပ်မှာ လေမှုတ်ပေါက်များရှိပါတယ်။


အဲ့အပြင် ပင်လယ်လိပ်များဟာ ကမ္ဘာပေါ်က သက်ရှိတွေအားလုံးထက် အသက်အောင့်နိုင်တဲ့ တိရစ္ဆာန်ဖြစ်ပြီး သူ့စံချိန်ကိုလည်း ဘယ်သူမှမှီသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ရေအောက်မှာ တစ်ရက်နီးပါး အသက်အောင့်နိုင်ကြလို့ပါ။ အထင်ကြီးလောက်စရာပါပဲ....။




Some text some message..