အပွင့်လှသလောက် အနံ့ဆိုးလွန်းတဲ့ ရှားပါး ပန်းမျိုးစိတ်
mmload.com
|
2022-10-21

ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားတဲ့ အကြီးမားဆုံး ပန်းပွင့်မျိုးစိတ်ကတော့ ကျွန်တော်တို့ အရှေ့တောင်အာရှဒေသတွေမှာပဲရှိတဲ့ Rafflesia လို့ခေါ်တဲ့ ရှားပါးပန်းပွင့်ဖြစ်ပါတယ်။ Rafflesia ဧရာမပန်းပွင့်ကြီးတွေကို အထူးသဖြင့် မလေးရှား၊ ဆူမာတြား၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားနှင့် ကလီမန်တန်၊ ထိုင်းတောင်ပိုင်းနှင့် ဖိလစ်ပိုင်တောင်ပိုင်းတို့မှာသာ တွေ့ရတာပါ။


Rafflesia ပန်းက တကယ့်ကို ကြီးမားပြီး လှပတဲ့ အစက်အပြောက်များပါရှိတဲ့ အပွင့်ငါးပွင့်ကြောင့် လူသိများခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အပွင့်ကလှသလောက် သူ့ရဲ့ အနံ့ကတော်တော်ဆိုးတဲ့ အထဲမှာပါပါတယ်။ အနံ့က လူသေကောင်အပုပ်နံ့မျိုးရှိလို့ ဒီပန်းပွင့်တွေကို ဒေသခံတွေက “အလောင်းကောင်ပန်း” လို့တောင် ခေါ်ကြပါတယ်။


ကမ္ဘာပေါ်မှာ လူသိများတဲ့ Rafflesia ပန်းမျိုးစိတ်က ၂၈ မျိုးလောက်ရှိပြီး ၁၀ မျိုးက ကမ္ဘာပေါ်ရှိ အကြီးဆုံးပန်းအမျိုးအစား စာရင်းထဲမှာ ပါဝင်ကြပါတယ်။ ကြီးမားတဲ့ Rafflesia ပန်းမျိုးစိတ်တွေက တကယ်တော့ သူတို့ရဲ့ ကိုယ်ပိုင် အမြစ် သို့မဟုတ် ပင်စည်များ မရှိကြပါဘူး။ဒါပေမယ့် ‌ရေနှင့်အာဟာရများရရှိဖို့တွက် သူတို့က အခက်ခဲတော့ မရှိကြပါဘူး။


ဘာဖြစ်လို့လဲဆိုတော့ Rafflesia ပန်းများဟာ မိုးသစ်တောများမှာသာ ပေါက်ရောက်ကြပြီး အခြားအပင်များကို မှီခိုတွယ်ကပ်ပြီးရှင်သန်ကြတာဖြစ်ပါတယ်။


Rafflesia ပန်းပွင့်က ယခုရုပ်ပုံတွေထဲမှာ မြင်တွေ့ရတဲ့ အရွယ်အစားထိရောက်ဖို့ဆိုရင် ၆ လမှ ၉ လအထိကြာပါတယ်။


ပန်းပွင့်သွားပြီဆိုရင်တော့ ၅ ရက်မှ ၇ရက်လောက်ပဲ အပွင့်ကခံတာပါ။ တချို့ပညာရှင်တွေရဲ့ လေ့လာချက်မှာ ရင့်ကျက်တဲ့ Rafflesia ပန်းပွင့်တိုင်းဟာ အစေ့သန်းပေါင်းများစွာ ထုတ်လုပ်နိုင်ပေမယ့် ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှင်သန်နိုင်ကြတယ်လို့ ဆိုပါတယ်။




Some text some message..