
လူသားတွေရဲ့မျက်လုံးများဟာ အလွန်အထင်ကြီးစရာကောင်းပြီး ရှုပ်ထွေးလှပါတယ်။ လူရဲ့မျက်လုံးများဟာ အရောင်သန်းပေါင်းများစွာကို ခွဲခြားနိုင်ပြီး အမြင်ဆိုင်ရာ အချက်အလက်များစွာကို ရရှိနိုင်ပါတယ်။။ လူသားတွေ မျက်စိနဲ့မြင်နိုင်တဲ့ အဝေးဆုံးက ၃ မိုင်လောက်ဝေးပါတယ်။ ဒါက တော်တော်ကို အထင်ကြီးစရာကောင်းပေမယ့် လူသားတွေရဲ့သူငယ်ချင်း ခွေးတွေနဲ့ နှိုင်းကြည့်ရအောင်။

ပျမ်းမျှအားဖြင့် ခွေးများဟာ လူသားများထက် အမြင်အာရုံ ပိုကောင်းပေမယ့်လည်း အရောင်အသွေး စုံလင်ခြင်းမရှိပါဘူး။ ခွေးများဟာ အဖြူအမည်းဖြင့်သာ မြင်တွေ့ရတယ်ဆိုတာ မမှန်ပေမယ့်လည်း သူတို့မှာ သူတို့ရဲ့ အရောင်အသိအမှတ်ပြုမှုကို ကန့်သတ်ထားတဲ့ ကွန်ရိုး အမျိုးအစား ၂ ခုသာရှိပါတယ်။

ဒါပေမယ့် ခွေးတွေရဲ့ အမြင်အာရုံကတော့ အံ့ဩစရာပိုကောင်းပါတယ်။ လူတွေက ၁၈၀ ဒီဂရီပဲကြည့်နိုင်ချိန်မှာ ခွေးတွေက ၂၄၀ ဒီဂရီကြည့်နိုင်ပါတယ်။ ညဘက်အမြင်အာရုံမှာလည်း အလင်းရောင်နည်းပါးတဲ့အမြင်အတွက် လိုက်လျောညီထွေဖြစ်စေမယ့် ပြုပြင်ပြောင်းလဲမှုများစွာ ရှိပါတယ်။ ဒါကြောင့် ခွေးများဟာ ညဘက်မှာ လူသားများထက် ပိုမိုကောင်းမွန်စွာ မြင်နိုင်စေပါတယ်။

ညဘက်မှာ လူသားများထက် ခွေးများရဲ့ အကြီးမားဆုံး အားသာချက်မှာ tapetum လို့ခေါ်ပါတယ်။ Tapetum ဟာ အလင်းအားနည်းတဲ့ အဆင့်များမှာ ခွေးများရဲ့ အမြင်အာရုံခံနိုင်စွမ်းကို ပိုမိုကောင်းမွန်စေမယ့် အလင်းရောင်ကို ကောင်းစွာ စုပ်ယူနိုင်စေပါတယ်။ Topetum ကတော့ မျက်လုံးရဲ့ နောက်ဘက်ရှိ ကြေးမုံနှင့်တူတဲ့ ဖွဲ့စည်းပုံဖြစ်ပါတယ်။