
သက်တံဟာ ယဉ်ကျေးမှုနှင့် သာသာတရားတွေမှာ သင်္ကေတတစ်ခုဖြစ်ပြီး အဓိပ္ပါယ်များရှိကြပါတယ်။ အချို့ဘာသာတရားတွေရဲ့ အယူအဆတွေမှာ သက်တံများဟာ သေဆုံးသွားသူများအတွက် ကောင်းကင်ကို သွားနိုင်တဲ့ လမ်းလို့လည်း ယုံကြည်ထားကြပါတယ်။

ဘယ်လိုတွေပဲ ယူဆယူဆ သဘာဝတရားရဲ့ ဖြစ်စဉ်များကို ကြည့်မယ်ဆိုရင်တော့ သက်တံ့ဆိုတာက လေထဲမှာရှိတဲ့ ရေစက်များမှ နေရောင်ခြည်များ ပေါက်ထွက်လာတဲ့အခါ ဖြစ်လာတဲ့ ဖြစ်စဉ်တစ်ခုပါ။ဆိုလိုတာက မိုးရွာပြီးတဲ့နောက် လေထဲမှာ ရေအမှုန်အမွှားလေးများ ကျန်ရှိနေချိန် ညာဘက်ထောင့်က နေရောင်ခြည်ဟာ အဆိုပါ ရေစက်ကလေးများကို ထိမှန်ပြီး အလင်းရောင်ဟာ အလင်းတန်းရဲ့ သီးခြားအရောင်များအဖြစ်သို့ ကွဲထွက်သွားတာ ဖြစ်ပါတယ်။

ဒါပေမယ့် သက်တံမြင်ဖို့အတွက် ဖြစ်ပေါ်လာရမယ့် အရာသုံးမျိုးရှိပါတယ်။အရင်ဆုံး နေက ထောင့်မှန်ဖြစ်ရမယ်၊ ပြီးတော့ ကောင်းကင်ကလည်း နိမ့်နေဖို့ လိုအပ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ နေတဲ့ တစ်ဖက်ခြမ်းပေါ်မှုတည်တာဖြစ်လို့ နံနက် ဒါမှမဟုတ် ညနေပိုင်းတွေမှာ ဖြစ်ပေါ်နိုင်ပါတယ်။

နောက်တစ်ခုက သက်တံပိုပြီးတောက်ပဖို့ဆိုရင် ကောင်းကင်မှာ ရေစက်ပမာဏက မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။ သက်တံ့များကို ကြည့်ဖို့ အကောင်းဆုံးနေရာကတော့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီရှိကျွန်းဆွယ်များဖြစ်ပါတယ်။ အဲ့ကျွန်းဆွယ်များမှာ ထူးခြားပြီး စံသတ်မှတ်ချက်တစ်ခုထက် ကျော်လွန်တဲ့ အကောင်းဆုံး သက်တံများရှိလို့ပါပဲ။