
ပိုးစုန်းကြူးလေးတွေက ညဘက်မှာ လှပတဲ့ အကောင်လေးတွေဖြစ်ကြပါတယ်။ သင့်အနေနဲ့လည်းမြင်ဖူးမှာပါ။ ဒါကြောင့်ပဲ သူတို့နဲ့ပတ်သက်တဲ့ ထူးဆန်းအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့ဟာ ပိုးစုန်းကြူး သို့မဟုတ် လျှပ်စီးကြောင်းပိုးကောင်လို့ အမည်ပေးထားပေမယ့်လည်း သူတို့ဟာ ချေးထိုးပိုးကောင်တွေ ဖြစ်ကြပါတယ်။

ပိုးစုန်းကြူးမျိုးစိတ်ပေါင်း 2,000 ကျော်ရှိပြီး အချို့ကသာ တောက်ပနေနိုင်ပါတယ်။ တောက်ပမှုမရှိတဲ့ မျိုးစိတ်အများအပြားကို အမေရိကန်အနောက်ခြမ်းမှာ တွေ့ရှိတတ်ရပါတယ်။အလင်းရောင်ဟာ မိတ်လိုက်ဖို့အတွက် ကခုန်ခြင်းဖြစ်ပါတယ်။ အထီးတွေက အမတွေကို သူတို့ကိုယ်သူတို့ နှုတ်ဆက်ကြေညာဖို့အတွက် လင်းကြပြီး၊ အမတွေက သူတို့ကို အထီးများက ရှာဖွေရာမှာ ကူညီဖို့ လင်းပေးကြပါတယ်။

သူတို့ရဲ့အလင်းရောင်ဟာ အဝါ၊ လိမ္မော်၊ အစိမ်းနဲ့ အပြာရောင် စသဖြင့် လင်းတတ်ကြပါတယ်။သူတို့ဟာ အဓိကအားဖြင့် စိမ့်တဲ့နေရာများမှာ နေထိုင်တတ်ကြပါတယ်။သူတို့က ကြောက်စရာကောင်းပါတယ်။ အကြောင်းကတော့ သူတို့ဟာ မြေအောက်သားပေါက်များအနေနဲ့ ခရုတွေကို စားကြလို့ပါပဲ။ အရွယ်ရောက်တော့မှ မျိုးစိတ်အများစုဟာ ဝတ်မှုန်နှင့်ဝတ်ရည်ကို သက်သတ်လွတ်အစားအစာအဖြစ် ပြောင်းလဲကြပါတယ်။

သူတို့ရဲ့ ဝမ်းဗိုက်မှာ ဖြစ်ပေါ်လာတဲ့ ဓာတုဓာတ် တုံ့ပြန်မှုဟာ ကမ္ဘာပေါ်မှာ အထိရောက်ဆုံး အလင်းရောင် ဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုက စွမ်းအင်ရဲ့ 100% နီးပါးဟာ အပူထက် အလင်းရောင်ကို ထုတ်ပေးနိုင်ပါတယ်။သူတို့ဟာ အဆိပ်ရှိနိုင်ပါတယ်တဲ့။ သားကောင်များ တိုက်ခိုက်တဲ့အခါ သူတို့ဟာ “သွေးထွက် တုံ့ပြန်ခြင်း” ကို စတင်ကြပါတယ်။ အဲ့ဒီအခါ အိမ်မြှောင်များနှင့် ငှက်များအတွက် အဆိပ်ရှိပြီး ဆိုးရွားတဲ့ ဓာတုပစ္စည်းများနဲ့ ပြည့်နေမယ့် သွေးစက်များ ထွက်ရှိလာမှာပါ။

သူတို့ဟာ လူသားများအတွက် ကောင်းမွန်တဲ့ဟာ မဟုတ်တာကြောင့် သူတို့ကို စားသုံးဖို့ မကြိုးစားသင့်ပါဘူး။ သူတို့ သေသွားတဲ့အခါမှာတော့ ပိုးဟပ်လေးတွေလိုပါပဲ။