
ဒီတစ်ခါမှာတော့ ပန်းချစ်သူတွေအတွက် ရှားပါး ပန်းမျိုးစိတ်တစ်ခုကို ဖော်ပြပေးမှာပါ။ ဒီပန်းရဲ့ မျိုးစိတ်ကို ၁၀၀ မှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ ဒါကတော့ နှလုံးသွေးပန်း ( Bleeding Heart ) လို့ခေါ်တဲ့ ရှားပါး ပန်းမျိုးစိတ်တစ်မျိုးပါ။အမှတ်မထင်ကြည့်ရင်တော့ သစ်ခွမျိုးစိတ်လို့တောင် ထင်ကောင်းထင်ကြမှာပါ။

နှလုံးသွေးပန်းက ဘိန်းပင်မျိုးရင်း Papaveraceae ရှိ ပန်းပွင့်မျိုးစိတ် ဖြစ်ပါတယ်။ ယခင်ကတော့ အဆိုပါအပင်ကို Dicentra spectabilis လို့လည်း ခေါ်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ "lyre flower" နှင့် "lady-in-a-bath" လို့လည်း ခေါ်လာကြခဲ့ပါတယ်။အပင်က ကြီးကျယ်ခမ်းနားသလောက် ဖူးပွင့်တဲ့ အပွင့်က လူအများကို ဆွဲဆောင်နိုင်ကြပါတယ်။

အကြောင်းအရင်းကတော့ ဖူးပွင့်တဲ့ ပန်းပွင့်ရဲ့ ပုံသဏ္ဍာန်က မသိရင် သွေးများကျနေတဲ့ နှလုံး ပုံစံနဲ့တူနေလို့ပါပဲ။နှလုံးသွေးပန်းမှာ အရောင်အားဖြင့် အနီရောင် ၊ ပန်းရောင် ၊ အဝါရောင် ၊ အနက်ရောင် ၊ အပြာရောင် ၊ ခရမ်းရောင် အပြင် အဖြူရောင်ဆိုပြီး အရောင် (၇) မျိုးထိရှိပါတယ်။

အဲ့ဒီထဲမှာ အဖြူရောင် နှလုံးသွေးပန်းက အရှားပါးဆုံးပါ။ နှလုံးသွေးပန်းက သန့်ရှင်းစင်ကြယ်မှုနှင့် အပြစ်ကင်းစင်ခြင်းရဲ့ သင်္ကေတအဖြစ် မှတ်ယူကြပြီး အထူးသဖြင့် ကြေကွဲဝမ်းနည်းဖွယ် သေဆုံးသွားတဲ့ အလှဆုံး မိန်းကလေးတွေကို ကိုယ်စားပြုပါတယ်။ထူးခြားချက်တစ်ခုကတော့ တကယ်လို့များ ဒီပန်းပင်နှင့် ထိတွေ့မိမယ်ဆိုရင် isoquinoline လိုမျိုး အရေပြားယားယံမှုများ ဖြစ်ပေါ်တတ်ပါတယ်။

ဒီပန်းမျိုးစိတ်က ကျွန်တော်တို့ မြန်မာပြည်မှာတော့ မစိုက်ပျိုးကြပေးမယ့် ဆိုက်ဘေးရီးယား၊ တရုတ်မြောက်ပိုင်း၊ ကိုရီးယား၊ ဂျပန်နှင့် မြောက်အမေရိကတို့မှာ စိုက်ပျိုးကြပါတယ်။