ဂျာဗား ၊ ဆူမတြား နှင့် ဘော်နီယို ကျွန်းငယ်တွေမှာ တွေ့ရလေ့ရှိတဲ့ နဂါးမြွေ
mmload.com
|
2022-11-04

ကမ္ဘာပေါ်ရှိ မြွေမျိုးစိတ် များစွာရှိကြပေမယ့် Dragon Snake လို့ခေါ်တဲ့ နဂါးမြွေကတော့ ထူးခြားတဲ့ ဂုဏ်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ မြွေမျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီနဂါးမြွေမျိုးစိတ်တွေက ဂျာဗားကျွန်း ၊ ဆူမတြားနှင့် ဘော်နီယို ကျွန်းငယ်များ) တို့မှာ တွေ့ရလေ့ရှိပါတယ်။


မှတ်တမ်းဟောင်းတွေမှာတော့ နဂါးမြွေတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံ တောင်ဘက်စွန်းဒေသတွေမှာလည်း တွေ့ရတတ်တယ်လို့ ဖော်ပြထားတာတွေလည်း ရှိပါတယ်။သူတို့တွေက အလွန်မြင့်မားတဲ့ သစ်တောများ၊ စိမ်းစိုနေတဲ့နေရာများနှင့် စပါးစိုက်ခင်းများ အပါအဝင် ရေနှင့် နီးတဲ့ စိုစွတ်သော နေရာများမှာ နေထိုင်တတ်ပေမယ့် အများအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀၀ မှ ၁၁၀၀ အကြားမှာ ရှိကြပါတယ်။


နဂါးမြွေရဲ့ ပုံစံက ကျွန်တော်တို့ ဒဏ္ဍာရီတွေထဲမှာ အမြဲဖော်ပြလေ့ရှိတဲ့ အတောင်ပံပါတဲ့ နဂါးကြီးတွေနဲ့တူပါတယ်။ ဒါပေမယ့် ဒီမြွေတွေမှာတော့ အတောင်အပံတော့မပါကြပါဘူး။ မတူညီတဲ့ မျိုးစိတ်တွေထဲမှာတော့ သူ့ရဲ့ လက္ခဏာရပ်က အထူးခြားဆုံးပေါ့ဗျာ...။


ဒီနဂါးမြွေက caenophidian လို့ခေါ်တဲ့ မြွေမျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် နဂါးမြွေအပြင် Javan tubercle မြွေ၊ အမှိုက်မြွေလို့လည်း လူသိများကြပါတယ်။ သူတို့ရဲ့ နေထိုင်ပုံကလည်း အခြားမြွေတွေလိုပဲ နေဘက်တွေမှာ ပုန်းအောင်း နေတတ်ကြပြီး ညအချိန်မှသာ ဖားများ၊ ဖားများ နှင့် ငါးငယ်များကို ရှာဖွေစားသောက်ကာ ရှင်သန်ကြတာ ဖြစ်ပါတယ်။


နဂါးမြွေတွေက ရေမြွေတွေကို အဆိပ်မရှိတာကြောင့် ကျွန်တော်တို့ လူသားတွေကို အသက်အန္တရာယ်မပေးနိုင်ပါဘူး။ သူတို့ရဲ့ မျိုးဥချိန်ကတော့ အောက်တိုဘာမှ ဖေဖော်ဝါရီအတွင်း ဖြစ်ပြီး နှစ်စဉ် ဥ ၂ လုံးမှ ၄ လုံးလောက်ပဲ ဥကြတာဖြစ်ပါတယ်။




Some text some message..