လျှာထုတ်နိုင်ကြတဲ့ မိကျောင်းမျိုးစိတ် နဲ့ လျှာမထုတ်နိုင်ကြတဲ့ မိကျောင်းမျိုးစိတ်
mmload.com
|
2022-11-08

ခေါင်းရှည်မိကျောင်းတွေဟာ လျှာကိုမထုတ်နိုင်ကြပေမယ့်လို့ ခေါင်းတိုမိကျောင်းတွေကတော့ ထုတ်နိုင်ကြပါတယ်တဲ့။ အဲ့ဒီအပြင် သူတို့တွေရဲ့ လျှာပုံစံအနေအထားဟာလည်း မတူညီကြပါဘူး။


ခေါင်းရှည်မိကျောင်း

ခေါင်းရှည်မိကျောင်းတွေရဲ့ လျှာဟာ အာခေါင်မှာအမြဲကပ်နေဖို့ ထိန်းထားနိုင်တဲ့ အမြှေးပါးရှိကြပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့လျှာက မလှုပ်နိုင်ကြပါဘူး။ မလှုပ်နိုင်ကြတဲ့အတွက် သူတို့ရဲ့ ဒီကျည်းမြောင်းလှတဲ့ ပါးစပ်ကနေ လျှာထုတ်ဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုး လျှာက ကပ်နေတဲ့အတွက် သူတို့အစား စားတဲ့အခါ သူ့လျှာကို မတော်တဆ ကိုက်ဖြတ်မိမှာ မဟုတ်တော့ပါဘူး။ အကူအညီတော့ တော်တော်ရပါတယ်။


ခေါင်းတိုမိကျောင်း

ခေါင်းတိုမိကျောင်းရဲ့ လျှာများဟာ သူတို့ရဲ့ ပါးစပ်တစ်လျှောက် ရှိပါတယ်။ အရှည်ကတော့ နှစ်ပေအထိရှည်နိုင်ကြပါတယ်။ သူတို့လျှာရဲ့နောက်ဘက်မှာ Patalal Valve ဆိုတဲ့ အသားအပိုင်းအစလေးတစ်ခု ရှိပါတယ်တဲ့။ အဲ့ဒီအသားစလေးက ရေထဲရောက်တဲ့အခါ ပါးစပ်ထဲ ရေများ၀င်ရောက်ခြင်းကို ရပ်တန့်စေနိုင်ပါတယ်။ ဒီလိုမျိုးကြောင့် ခေါင်းတိုမိကျောင်းတွေဟာ ရေအောက်ထဲမှာလည်း သားကောင်ကို ပါးစပ်နဲ့လိုက်ဖမ်းနိုင်ကြပါတယ်။ ပြီးတော့ လျှာလည်း ထုတ်နိုင်ကြပါသေးတယ်။





Some text some message..