သင်မသိနိုင်တဲ့ Pallas တောကြောင်တွေရဲ့ အကြောင်း
mmload.com
|
2022-11-20

ကြောင်ကြီးများဟာ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးဖြစ်တဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များထဲမှ တစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတော့ တောကြောင်မျိုးစိတ်ပေါင်းက ၄၀ လောက်ရှိပေမယ့် အများစုကတော့ သင်ကြားဖူးမှာ မဟုတ်ပါဘူး။


တောကြောင်မျိုးစိတ်များမှာ အချို့က ကျားတစ်ကောင်ရဲ့ အရွယ်အစားမျှရှိကြပေမယ့် အများစုက သာမန်ကြောင်အရွယ်အစားမျှသာပဲ ရှိကြပါတယ်။ ဒါပေမယ့် သူတို့အားလုံးကတော့ ညအချိန်တွေမှာပဲ တွေ့ရတာပါ။အဲ့ဒီတောကြောင် မျိုးစိတ်တွေထဲမှ အရောင်အသွေးနှင့် အရွယ်အစားမှာ ဆွဲဆောင်မှုရှိတဲ့ မျိုးစိတ်ကတော့ Pallas လို့အမည်ရတဲ့ တောကြောင်ပါ။


ဒီမျိုးစိတ်ကို Pallas လို့ ခေါ်ပေမယ့် "grumpy cat" လို့ပဲ အနောက်နိုင်ငံတွေမှာ လူသိများကြတာပါ။သူတို့ကို သေချာကြည့်ရင်တော့ ဒေါသကြီးပြီး စိတ်ဆိုးနေတဲ့ ပုံစံမျိုးကြပါ။ ဟုတ်ပါတယ်... Pallas တောကြောင်တွေက တကယ်လည်း ဒေါသကြီးကြပါတယ်။


သားကောင်တွေကို ချောင်းမြောင်းနေကြတဲ့ အခါမှာ သူတို့က တစ်ကောင်တည်းပဲ လှုပ်ရှားကြပြီး အများအားဖြင့် အလွန်မြင့်မားတဲ့ တောင်တန်းများပေါ်မှာ ကျင်လည်ကျက်စားကြတာ ဖြစ်ပါတယ်။နောက်တစ်ခုက အခြားကြောင်မျိုးစိတ်တွေနဲ့ မတူတာကတော့ သူတို့မှာ ထူပိန်းပြီး ရှည်လျားတဲ့ အမွေးများရှိပါတယ်။ အဲ့ဒီအမွေးတွေကြောင့်ပဲ မသိရင် အရွယ်အစားအရ ကြီးတယ်လို့ ထင်ရပါတယ်။


တကယ်တော့ သူတို့က သာမန်အိမ်ကြောင်တစ်ကောင်ထက်တော့ ပိုမကြီးပါဘူး။ဒါပေမယ့် သူတို့နားရွက်လေးတွေကတော့ အရမ်းသေးငယ်ပါတယ်။ တောကြောင် ဆိုပေမယ့် တကယ့်တော့ ချစ်စရာကောင်းပါတယ်။ ကြောင်ချစ်သူတွေဆိုရင်တော့ သဘောကျမယ်လို့ ထင်ပါတယ်။





Some text some message..