ကမ္ဘာ့အကြီးဆုံး နဂါးမောက်ရွှေငါးကြီးကိုမှ ဖမ်းမိခဲ့တဲ့ အမျိုးသား
mmload.com
|
2022-11-22

အဲ့ဒီမှာ သူထင်မှတ်မထားတဲ့ ငါကြီးတစ်ကောင် ဖမ်းမိခဲ့နေတာကို သူဟာ တွေ့ခဲ့ရပါတယ်။ အဆိုပါ ငါးကြီးဟာ တစ်ကောင်လုံး ရွှေဝါရောင်ဖြစ်ပြီး ၆၇ ပေါင် အလေးချိန်ရှိတယ်လို့ ဆိုပါတယ်။


အဆိုပါ အမျိုးသားရဲ့ ပြောပြချက်အရ ဒီငါးဟာ ရွှေငါးတော့ မဟုတ်ပေမယ့် သားရေငါးကြင်းနှင့် ကင်းငါးကြင်းမျိုးစိတ်ဖြစ်ပြီး ကန်တွေမှာ တွေ့ရလေ့ရှိတဲ့ အလှငါးများဖြစ်ကာ နှစ် ၂၀ ခန့်လောက်ရှိနိုင်ကြောင်း ဆိုပါတယ်။


ယူကေမှ တံငါသည်တစ်ဦးဟာ ကမ္ဘာ့အကြီးဆုံးဖြစ်နိုင်ချေရှိတဲ့ ပေါင် ၇၀ နီးပါးရှိတဲ့ နဂါးမောက်ရွှေငါးကြီး တစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ အသက် ၄၂ နှစ်အရွယ် Andy Hackett ဆိုတဲ့ အမျိုးသားဟာ ကမ္ဘာ့ထိပ်တန်းငါးဖမ်းလုပ်ငန်းတစ်ခုဖြစ်သည့်ပြင်သစ်နိုင်ငံ၊ Champagne ရှိ Bluewater Lakes မှာ ငါးဖမ်းခဲ့တယ်လို့ ဆိုပါတယ်။


၂၀၁၉ ခုနှစ်တုန်းကလည်း Minnesota မြို့ခံတစ်ဦးဟာ အလားတူ ကမ္ဘာ့အကြီးဆုံးရွှေငါးတစ်ကောင်ကို ဖမ်းမိခဲ့ဖူးပါတယ်။ အဲ့တုန်းက ဖမ်းမိခဲ့တဲ့ ရွှေငါးက ယခုဖမ်းမိခဲ့တဲ့ ရွှေငါးထက် အရွယ်အစားဖြင့် သေးငယ်ပါတယ်။




Some text some message..