ခြိမ်းခြောက်ခံရတဲ့အခါ ပုံမှန်အရွယ်အစားထက် နှစ်ဆပိုမိုပြီး လည်ချောင်းကျယ်နိုင်ကြသူများ
mmload.com
|
2022-12-05

အမြီးများ တဆတ်ဆတ်တုန်ပြနေမယ့်အစား အာဖရိကသစ်ကိုင်းမြွေများဟာ ပိုပြီးကောင်းတဲ့ ကာကွယ်နည်းကို ရွေးချယ်ကြပါတယ်။ ခြိမ်းခြောက်ခံရတဲ့အခါမှာ ဒီမြွေများဟာ နှာခေါင်းပေါက်များမှ လေကိုဆွဲထုတ်ပြီး သူ့ရဲ့ပုံမှန်အရွယ်အစားထက် နှစ်ဆပိုမိုပြီး လည်ချောင်းကို ကျယ်စေပါတယ်။ သူ့အနေနဲ့ ချဲ့ထွင်လာတာနဲ့အမျှ ထင်ရှားပေါ်လွင်တဲ့ အနက်ရောင်အမှတ်အသားများကို ဖော်ထုတ်ဖို့ သူ့ရဲ့ဦးခေါင်းပေါ်ရှိ အကြေးခွံများဟာ ဆန့်ထွက်လာပါတယ်။


ဖားပြုတ်တွေနဲ့ ဘယ်လိုအမျိုးတော်လဲတော့ မသိပါဘူး။ Aposematism လို့လူသိများတဲ့ ဒီတိရစ္ဆာန်ဆက်သွယ်မှုပုံစံဟာ သူတို့ကိုရှောင်ရှားသင့်တယ်လို့ တခြားတိရစ္ဆာန်တွေကို သတိပေးတတ်ပါတယ်။ သူတို့ရဲ့ အဆိပ်ဟာ အကိုက်ခံရပြီး စက္ကန့်ပိုင်းအတွင်း သွေးနီဥများကို သတ်နိုင်တဲ့ထိ အစွမ်းထက်လှပါတယ်။


ကြောင်များနှင့် ခွေးများအပါအဝင် သားကောင်များနှင့် မျက်နှာချင်းဆိုင်တဲ့အခါမှာ ဒီမြွေတွေဟာ ပေါက်တတ်ပါတယ်။ ဒါပေမယ့် သူတို့ကို နေထိုင်ရာ နယ်မြေများမှ ဝေးရာကို မောင်းထုတ်လိုတဲ့ ငှက်အုပ်များ ဝိုင်းအုံလာတဲ့အခါမှာ မြွေတွေဟာ ဖောင်းကားလာတယ်လို့ လူသိများပါတယ်။


ဒီလိုဖောင်းကားလာတဲ့အပြုအမှုကို တစ်ခါက တိရစ္ဆာန်ဗေဒပညာရှင်တွေဟာ မြွေတွေအနေနဲ့ ငှက်ကလေးတွေကနေ အတုယူထားတယ်လို့ ထင်ခဲ့ကြဖူးပါတယ်။





Some text some message..