
ဆင်ကလေးတွေက သူတို့ရဲ့ အပြုအမူကြောင့် အမြဲတမ်းချစ်ဖို့ကောင်းတယ်ဆိုတာ သင်လည်း လက်ခံကြမှာပါ။ သူတို့လေးတွေက ကျွန်တော်တို့ လူသား ကလေးတွေလို အပြစ်ကင်းစင်ပြီး လွတ်လပ်ပေါ့ပါးစွာ ခုန်ပေါက် ကစားတာလေးတွေကအစ အလွန်ပဲချစ်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်ခန္ဓာကို ဘယ်လိုအသုံးချရမလဲဆိုတာကို သင်ယူလေ့လာတာက ပိုပြီးချစ်စရာကောင်းပါတယ်။

ဆင်ကလေးတွေဟာ ခြေလေးချောင်း သတ္တဝါအများစုကဲ့သို့ မွေးပြီး နာရီပိုင်းအတွင်းမှာ လမ်းလျှောက်နိုင်ကြပါတယ်။ ပထမ ၆ လလောက်မှာ မိခင်ရဲ့ နို့ကို သီးသန့်သောက်သုံးတာကြောင့် သူတို့ရဲ့ နှာမောင်းကို အသုံးချဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် နှစ်အတော်ကြာလာတဲ့အချိန်မှာတော့ အခြားအစားအစာတွေကို ချက်ချင်းစားနိုင်ဖို့အတွက် သူတို့အရှေ့က ရှည်လျားတဲ့ နှာမောင်းကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို သင်ယူဖို့ အချိန်ယူရပါတယ်။

တကယ်တော့၊ တချို့ဆင်လေးတွေဟာ လူသားလေးတွေရဲ့ လက်နဲ့ခြေထောက်တွေကို ရှာဖွေတွေ့ရှိတဲ့ပုံစံအတိုင်း သူတို့ရဲ့နှာမောင်းတွေကို အများကြီး “ရှာဖွေ” ထားပုံရပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် ကလေးတစ်ယောက်ဟာ သူတို့ရဲ့ခန္ဓာကိုယ်မှာ ကပ်နေအရာတွေကို အသိအမှတ်ပြုဖို့ ရုတ်တရက် တအံ့တသြကြည့်ဖူးကြပါတယ်။ ဒီဆင်ကလေးတွေကလည်း သူတို့ရဲ့ နှာမောင်းများရှိခြင်းကို အံ့အားသင့်စွာ ကြည့်ကြပါတယ်။

ဒါကြောင့် ဆင်းကလေးတွေဟာ သူတို့ရဲ့ နှာမောင်းကို ပထမဦးစွာ လှုပ်ခါကြည့်ဖို့ ကြိုးစားကြပါတယ်။ တစ်ခါတလေ တောင်နှင့်မြောက် လွှဲကြည့်ရင်း သူတို့ ခြေထောက်နဲ့နင်းမိလို့ ကြည့်ရတာ ရယ်ဖို့ကောင်းပါတယ်။၆ လမှ ၉ လခန့်မှာတော့ ဆင်ကလေးတွေဟာ အစာစားဖို့အတွက် သူတို့ရဲ့ နှာမောင်းများကို အသုံးပြုတတ်လာကြပါတယ်။ အသက်တစ်နှစ်ကျော်လာတဲ့အခါ သူတို့ရဲ့နှာမောင်းတွေကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီး အရွယ်ရောက်တဲ့ဆင်တွေလိုပဲ နှာမောင်းတွေကို ဆုပ်ကိုင်၊ စားသောက်နိုင်၊ ရေချိုးဖို့ အသုံးပြုနိုင်ကြပါတယ်။