
Needlefish ဆိုတဲ့ ငါးဖောင်းရိုးတွေဟာ စူးရှပြီး ထက်လွန်းလှတဲ့ သွားတွေနဲ့ မေးရိုးရှည်ကြီးကြောင့် အလွန်နာမည်ကျော်ကြားပါတယ်။ သူတို့ရဲ့ လက်တင်နာမည်ကတော့ Belonidae လို့ခေါ်ပါတယ်။ ဒီငါးတွေဟာ အလင်းရောင်ရှိရာကို သွားလာတတ်ကြပြီး ရေထဲကနေ အမြန်တစ်နာရီ ၃၈ မိုင်နှုန်းနဲ့ ခုန်ထွက်လာနိုင်ပါတယ်။ ဒါဟာ သူတို့တွေနဲ့ပတ်သက်ပြီး ထိတ်လန့်စရာကောင်းတဲ့အချက်ဖြစ်ပါတယ်။

ဒီလိုမျိုး ခုန်ထွက်လာတာဟာ ငါးဖမ်းသမားတွေအတွက် အန္တရာယ်များပါတယ်။ ငါးဖောင်းရိုးဆိုပေမယ့်လို့ သူတို့ဒီလိုခုန်ထွက်လာတဲ့အခါ လူတွေကို ဒဏ်ရာရစေပြီး သတ်မိတဲ့အခါတွေတောင်ရှိပါတယ်။

သူတို့ဟာ ရေထဲမှာ ပုန်းနေတတ်ပြီး ငါးဖမ်းသမားတွေကို မြားနဲ့ပစ်သလိုပဲ ခုန်ထွက်လာတတ်ကြတာပါ။ အဲ့ဒီအပြင် သူတို့ရဲ့နှုတ်သီးတွေဟာ လူရဲ့အရေပြားကို ကွဲရှ စေနိုင်ပါသေးတယ်။ အခန့်မသင့်ရင်တောင် သေနိုင်ကြတာမို့ ထိတ်လန့်စရာပါပဲ။

နေထိုင်ရာကတော့ အတ္တလန္တိတ်၊ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာ၊ ပင်လယ်နီနှင့် ပါရှန်ပင်လယ်ကွေ့တို့ဖြစ်ပြီး အရွယ်အစား အရှည်ကတော့ ၁.၂ ကနေ ၃၇.၄ လက်မ (၃ ကနေ ၉၅ စင်တီမီတာ) ထိရှိပါတယ်။ အစားအသောက်အနေနဲ့ ငါးသေးသေးလေးတွေနဲ့ ပြည်ကြီးငါးသေးသေးလေးတွေကို စားသုံးကြပါတယ်။