
ပျားတွေကအရောင်ဘယ်နှမျိုးလောက်ရှိတယ်လို့ ထင်လဲ။ လူအများကတော့ ပျားအားလုံးဟာ အဝါရောင်နှင့်အညိုရောင် စတဲ့နှစ်မျိုးပဲ ရှိတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး ။ ပျားတွေထဲမှာကိုယ်ရောင်ကိုယ်ဝါ အလှပဆုံး ပျားမျိုးစိတ်ရှိပါသေးတယ်။

Photo Credit – From Google

Photo Credit – From Google
အဲ့ဒါကတော့ဩစတြေးလျမှာတွေ့ရတဲ့ ပျားတွေဖြစ်ပါတယ်။ ဩစတြေးလျပျားတွေဟာ အပြာရောင်ဖြစ်ပြီး အခြားပျားတွေထက်ထူးခြားစွာ လှပကြပါတယ်။ ဒီပျားတွေဟာ အထီးကျန်မျိုးစိတ်တစ်ခုဖြစ်ပြီး အစွန်းအထင်းများ၊ ကျောက်ဆောင်များပေါ် (သို့မဟုတ်) မြေကြီးပေါ်မှာ အပေါက်ငယ်များလုပ်ဆောင်လုပ်ပြီး ဝတ်မှုန်ကူးကာရှင်သန်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google

Photo Credit – From Google
အရွယ်ရောက်ပြီးသားဩစတြေးလျပျားတစ်ကောင်ဆိုရင် ၁၀ မီလီမီတာမှ ၁၂ မီလီမီတာကြားအထိရှိပါတယ်။ အထီးတွေမှာအပြာရောင်အစင်းငါးစင်းရှိပြီး အမများမှာ အစင်းလေးစင်းသာ ရှိတာကြောင့် ခွဲခြားရတာ လွယ်ကူပါတယ်။သူတို့က အခြားပျားတွေလို ခိုက်ရန်ရှိပေမယ့် ရန်လိုခြင်းတော့ မရှိကြပါဘူး။

Photo Credit – From Google

Photo Credit – From Google