ရှားပါးပြီး ဆေးဖက်ဝင်တဲ့ နှင်းတောင်ကြာပန်း
mmload.com
|
2023-02-03

ဆေးဖက်ဝင်တဲ့နှင်းကြာပန်းဟာ ချင်းဟိုင်း-တိဘက်ကုန်းပြင်မြင့်နှင့် အနီးနားရှိ ဒေသများမှာ အဓိကတွေ့ရတဲ့ ရှားပါးမျိုးစိတ်တစ်ခုဖြစ်ပါတယ်။ ဒီပန်းတွေကပင်လယ်ရေမျက်နှာပြင်အထက် ၄,၈၀၀ မှ ၅,၈၀၀ မီတာခန့်ရှိ နှင်းများအထက်ထက် ပြန့်ကျဲနေတဲ့တောင်ကြောများမှာ ပေါက်ရောက်ကြတာပါ။


Photo Credit – From Google


Photo Credit – From Google

ဒီမျိုးပန်းမျိုးစိတ်ဟာ နှစ်ရှည်ပင်ဖြစ်တာကြောင့်သန်မာပေမယ့် ကြီးထွားမှုက တော်တော်နှေးကွေးပါတယ်။ အများအားဖြင့် အစေ့ရဲ့ ၅ ရာခိုင်နှုန်းသာအညှောက်ပေါက်ကြပြီး အပင်ဖြစ်လာဖို့ ဆိုရင်တော့ ၃ နှစ်မှ ၅ နှစ်အထိ ကြာမြင့်ပါတယ်။


Photo Credit – From Google


Photo Credit – From Google

နှင်းကြာပန်းကိုတိုင်းရင်းဆေးဖော်စပ်တဲ့ သူများက အဖျားပျောက်ဆေး နှင့် အဆိပ်ဖြေဆေးအတွက် အသုံးပြုပါတယ်။အများအားဖြင့်တော့ rheumatoid arthritis ကို ကုသရာမှာ အသုံးပြုလေ့ရှိပါတယ်။ သူက နာကျင်ကိုက်ခဲမှုကိုသက်သာစေပြီး သွေးအားကောင်းစေကာ သားအိမ်ကိုနွေးထွေးစေပါတယ်။ ဒါ့အပြင် ကျောက်ကပ်အတွက်ကောင်းမွန်သလို အမျိုးသားများကိုလည်း လိင်ပိုင်းဆိုင်ရာ တက်ကြွမှုကို တိုးမြင့်စေပြီးအမျိုးသမီးများကို ရာသီလာချိန်အခက်အခဲများကို ချိန်ညှိပေးနိုင်တယ်လို့ ဆိုတယ်။


Photo Credit – From Google

တရုတ်ပြည်မှာတော့နှင်းကြာပန်းက ကုန်သွယ်မှုတွေကြောင့် ခူးယူတာများလွန်းခဲ့လို့ ၂၀၂၀ ကစပြီး ပျောက်ကွယ်သွားပြီလို့ဆိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရှိ ပူတာအို ရေခဲတောင်တွေမှာလည်း  ရှိပါတယ်။


Photo Credit – From Google




Some text some message..