မြင်နေကျ သရက်သီးတွေနဲ့ လုံးဝကွဲပြားတဲ့ ရှားပါးဆေးဖတ်ဝင် သရက်သီး
mmload.com
|
2023-02-03

အပူပိုင်းဒေသအားလုံးမှာလူအကြိုက်အများဆုံးအသီးကတော့ သရက်သီးပါ။ သရက်သီးက ကျွန်တော်အပါအဝင် လူတော်တော်များများလည်းကြိုက်ကြပါတယ်။ သရက်သီးအားလုံးက ပန်းပွင့်အပင် Anacardiaceae မိသားစုဝင်ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့မျိုးစိတ်ပေါင်းက အနည်းဆုံး ၃၀ ခန့်လောက်ရှိပါတယ်။


Photo Credit – From Google


Photo Credit – From Google

အားလုံးဟာပုံသဏ္ဍာန်နှင့်အရွယ်အစား ၊ ထူးကဲတဲ့ အရသာတွေကတော့ တစ်မျိုးစီရှိကြပါတယ်။ အဲ့ဒီအထဲမှာပုံသဏ္ဍာန်နှင့်အစွမ်းသတ္တိ ထူးခြားလွန်းတဲ့ မျိုးစိတ်တစ်မျိုးရှိပါတယ်။ ဒီသရက်သီးမျိုးစိတ်ကတော့mangifera လို့ အမည်ရပါတယ်။ သူကတော့ အင်ဒို ကမ်းရိုးတန်း ဒေသက ထွက်ရှိတဲ့ သရက်သီးဖြစ်ပေမယ့်အထူးသဖြင့် ကျွန်းဆွယ်ရဲ့ အနောက်နှင့် အရှေ့ဘက်ကမ်းရိုးတန်းရဲ့ ဇာတိအပင်ဖြစ်ပါတယ်။


Photo Credit – From Google


Photo Credit – From Google

သရက်သီးဆိုပေမယ့်ကျွန်တော်တို့ တွေ့ဖူးနေတဲ့ သရက်သီးတွေနဲ့ မတူတာတော့ အမှန်ပါ။ သူ့မှာကလည်း "အိန္ဒိယအမျိုးအစား"နှင့် "အရှေ့တောင်အာရှအမျိုးအစား “ ဆိုပြီး မတူတဲ့ မျိုးရိုးဗီဇနှစ်မျိုးရှိပါတယ်။ဒီသရက်သီးရဲ့ အပင်က ကျွန်တော်တို့ နိုင်ငံမှာ တွေ့ရတဲ့ သရက်ပင်တွေလိုတော့ မဟုတ်ပါဘူး။အမြင့် ၃၀ မီတာ ( ပေ ၁၀၀ )အထိ ကြီးထွားကြပါတယ်။ Ayurveda ရဲ့ အဆိုအရ Mangifera သရက်သီးဟာအမျိုးမျိုးသော ဆေးဖက်ဝင်ဂုဏ်သတ္တိများပါတယ်လို့ ဆိုပါတယ်။


Photo Credit – From Google


Photo Credit – From Google




Some text some message..