သေခြင်းနဲ့ရှင်ခြင်းကြားက မြစ်ကိုစောင့်ရှောက်သူအဖြစ် သိထားကြတဲ့ Helmeted Hornbills
mmload.com
|
2023-02-04

Punan ဒဏ္ဍာရီတစ်ခုမှာ ဒီချိုနဲ့ငှက်ဟာ သေခြင်းနဲ့ရှင်ခြင်းကြားက မြစ်ကိုစောင့်ရှောက်တယ်လို့ဆိုပါတယ်။ သူတို့ရဲ့ခေါင်းပေါ်က ချိုဟာ တခြားငှက်တွေနဲ့ ခုခံတိုက်ခိုက်တဲ့အခါမှာ အသုံးပြုကြပါတယ်။


Helmeted Hornbills ဆိုတဲ့ငှက်ဟာ အုတ်ချင်းငှက်နဲ့ဆင်တူပြီး သူတို့ရဲ့ လက်တင်နာမည်ကိုတော့ Rhinoplax vigil လို့ခေါ်ပါတယ်။ သူတို့ရဲ့ လည်ချောင်းအနီကွက်တွေနဲ့ ရယ်မောသံဟာ ထိတ်လန့်စရာကောင်းပါတယ်။ နေထိုင်ရာနေရာတွေကတော့ မလေးကျွန်းဆွယ်၊ ဆူမတြားနှင့် ဘော်နီယို တို့ပဲဖြစ်ပါတယ်။



အရွယ်အစားကတော့ ၄၃ ကနေ ၄၇ လက်မ (၁၁၀ ကနေ ၁၂၀ စင်တီမီတာ) ထိရှိပါတယ်။ အလေးချိန်ကတော့ ၆ ပေါင်ကနေ ၆.၈ ပေါင် ( ၂.၆ ကနေ ၃.၁ ကီလိုဂရမ်) ထိရှိပါတယ်။ အစားအသောက်အနေနဲ့ သစ်သီးတွေ (အထူးသဖြင့် သဖန်းသီး) နဲ့ အင်းဆက်တွေကို စားသုံးကြပါတယ်။






Some text some message..