ကျား နှင့် ခြင်္သေ့ ဘာတွေကွာခြားလဲ…?
mmload.com
|
2023-02-13

ခြင်္သေ့နှင့် ကျားကြား ဘာတွေကွာခြားလဲလို့ မေးရင် သူတို့နှစ်ကောင်ကြားမှာ အဓိကကွာခြားချက်များစွာရှိတယ်လို့ပြောရမှာပဲ…။ အထင်ရှားဆုံး ကွာခြားချက်ကတော့ လူတိုင်း မြင်တွေ့နေရတဲ့ သူတို့ရဲ့ အသွင်အပြင်ပါ။ခြင်္သေ့ နှင့် ကျားတို့ရဲ့ ကိုယ်ရောင်က ပုံမှန်ဆိုတူတယ်လို့ ပြောလို့ရပေမယ့် ကျားရဲ့ထင်ရှားတဲ့ အစင်းကြောင်း ပုံစံကတော့ တော်တော်လေး ကွဲပြားသွားပါတယ်။


Photo Credit – From Google

ပြီးတော့ခြင်္သေ့အထီးတွေရဲ့ လည်ပင်းတဝိုက်မှာတော့ ထူထဲတဲ့ အမွေးထူများရှိပါတယ်။ နေထိုင်မှုပုံစံကတော့ခြင်္သေ့ ရော ကျား ရောက အများသောအားဖြင့် တစ်နေရာတည်းမှာ နေထိုင်လေ့မရှိတာကြောင့် ကွာခြားမှုမရှိဘူးလို့ပြောလို့ရပါတယ်။


Photo Credit – From Google

ကျားများဟာယေဘူယျအားဖြင့် ခြင်္သေ့ထက် နှစ်ဆခန့်ပိုရှည်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကို ကြည့်မယ်ဆိုရင်လည်းအကြီးဆုံး ကျားတွေဟာ ခြင်္သေ့ထက် အလေးချိန်ပိုပါတယ်။ ကျားအထီးများဟာ ပေါင် ၆၆၀ အထိအလေးချိန်ရှိပြီး ခြင်္သေ့အထီးများမှာ အများဆုံး ပေါင် ၅၀၀ အောက်သာရှိပါတယ်။  ကျားမလေးတွေဆိုရင် ပုံမှန်အားဖြင့် ပေါင် ၂၀၀ နဲ့၃၇၀ ကြား အလေးချိန်ရှိပါတယ်။


Photo Credit – From Google


Photo Credit – From Google

 ဒါပေမယ့် ခြင်္သေ့အပျိုများကတော့ များသောအားဖြင့်ကိုယ်အလေးချိန် ၂၆၅ ပေါင်မှ ၃၉၅ ပေါင်အထိရှိသည်။နောက်ထပ်မတူတဲ့ အချက်ကတော့ ခြင်္သေ့များဟာအကောင် ၃၀ အထိ အုပ်စုဖွဲ့နေထိုင်ကြပေမယ့် ကျားများကတော့ တစ်ကောင်တည်းပဲ အထီးကျန်စွာနေထိုင်ကြတာဖြစ်ပါတယ်။


Photo Credit – From Google




Some text some message..