ရေဘဝဲမျိုးနွယ်တွေထဲမှာ အခွံပါတဲ့ တစ်ခုတည်းသော မျိုးနွယ်
mmload.com
|
2023-02-20

Nautiluses တွေဟာ cephalopods ခေါ် mollusk တစ်မျိုးဖြစ်ပါတယ်။ Cephalopod ဆိုတာဟာ သူတို့ရဲ့ ရှုပ်ထွေးတဲ့ ဦးနှောက်နဲ့ လက်ပေါင်းမြောက်မြားစွာကို ထင်ဟပ်စေတဲ့ "ခေါင်းနဲ့ခြေ" ကို ဆိုလိုတာဖြစ်ပါတယ်။ Nautiluses တွေဟာ ပြည်ကြီးငါးတွေ ရေဘဝဲတွေနဲ့ အမျိုးတော်ကြပေမယ့်လည်း သူတို့ရဲ့ ထူးခြားတဲ့ အသွင်အပြင်‌ကြောင့် အလွယ်တကူ ခွဲခြားနိုင်ပါတယ်။



သူတို့ဟာ ရေဘဝဲမျိုးနွယ်ဖြစ်ကြပေမယ့်လို့ အခွံပါဝင်ကြပါတယ်။ ဒီအခွံကြောင့်ပဲ တခြား ရေဘဝဲမျိုးနွယ်တွေနဲ့ အလွယ်တကူ ခွဲခြားနိုင်ပါတယ်။ ပြည်ကြီးငါးနဲ့ ရေဘဝဲမျိုးနွယ်တွေထဲမှာ အခွံရှိတဲ့ တစ်မျိုးတည်းသော မျိုးစိတ်ဆိုလည်း မမှားပါဘူး။ သူတို့ရဲ့ မျိုးစိတ်နဲ့ပတ်သက်ပြီး ခွဲခြားမှုမှာ ရှုပ်တော့ရှုပ်ထွေးလှပါတယ်။ Nautilus မိသားစု မှာ Nautilus နဲ့ Allonautilus ဆိုပြီးအမျိုးအစားနှစ်ခုရှိပြီး သူတို့အောက်မှာမှ မျိုးစိတ်ခုနှစ်မျိုးရှိပါတယ်။ ဒါပေမယ့် သူတို့အားလုံးရဲ့ ဘုံနာမည်ကတော့ Chambered Nautilus ပဲဖြစ်ပါတယ်။



Chambered Nautilus (Nautilus pompilius) ဟာ မျိုးပွားမှုနှုန်းနည်းပါးခြင်း၊ ကြီးထွားမှုနှေးကွေးခြင်းနဲ့ အရွယ်ရောက် နောက်ကျခြင်းတို့ အပါအဝင် သူ့ရဲ့သက်ရှိရာဇဝင်ဝိသေသတွေကြောင့် အလွန်ထိခိုက်လွယ်တဲ့မျိုးစိတ်ဖြစ်ပါတယ်။ ဒီမျိုးစိတ်ဟာ သူ့ရဲ့နေထိုင်ရာ တစ်လျှောက်မှာ သီးခြားနေထိုင်သူ‌တွေဖြစ်‌ကြောင်း ယူဆရပါတယ်။ သူတို့ကို လိုက်ဖမ်းယူစားသောက်တဲ့ သားရဲများစွာရှိပြီး အဲဒီထဲမှာ ငါးမန်းတွေနဲ့ ရေဘဝဲတွေအပြင် များစွာပါဝင်ပါတယ်။




Some text some message..