အင်းဆက်တွေကို ထောင်ချောက်ဆင် ဖမ်းရာမှာ နာမည်ကျော်တဲ့ အသားစားအပင်
mmload.com
|
2023-02-24

သင်ဟာ ပန်းချစ်သူဆိုရင်တော့Pitcher အပင်ရဲ့ အကြောင်းကို ကောင်းကောင်းသိမယ်လို့ ထင်ပါတယ်။ Pitcher အပင်ဟာ အင်းဆက်များနှင့်အခြားတိရစ္ဆာန်ငယ်များကို ထောင်ချောက်ဆင် ဖမ်းယူနိုင်စွမ်းရှိခြင်းတို့ကြောင့် လူသိများတဲ့အသားစားအပင်တစ်မျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလို့ခေါ်အဝေါ်ဆိုရင် အိုးပုတ်ပင်လို့ခေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ အပင်ရဲ့ အရွက်ကနေထွက်တဲ့ အဖူးပုံသဏ္ဍာန်အရာက အိုးပုတ်နဲ့တူလို့ဖြစ်ပါတယ်။


Photo Credit – From Google


Photo Credit – From Google

အိုးပုတ်အပင်ဟာ မြောက်နှင့်တောင်အမေရိက၊ ဥရောပနှင့် အာရှတို့မှာ တွေ့ရှိရပြီး မျိုးစိတ်ပေါင်း၁၅၀ ကျော်ရှိပါတယ်။ အိုးပုတ်မျိုးစိတ်အများစုကတော့ ၎င်းတို့ရဲ့ သားကောင်ကို ဆွဲဆောင်နိုင်အောင်ဝတ်ရည်၊ အရောင်နှင့် ရနံ့တို့ကို အားကိုးကြပါတယ်။ အင်းဆက်ပိုးမွှားတစ်ကောင်က အဆိုပါအိုးပုတ်ရဲ့ အပေါက်ထဲသို့ ကျရောက်သည်နှင့် အပင်မှထွက်ရှိတဲ့  အစာခြေအင်ဇိုင်းများဖြင့် ပိတ်မိကာ အစာချေဖျက်သွားပါတယ်။


Photo Credit – From Google


Photo Credit – From Google

အံ့အားသင့်စရာကတော့Nepenthes rajah ကဲ့သို့ အိုးပုတ်မျိုးစိတ်အချို့ဟာ အမြင့် ၃ ပေကျော်အထိ ကြီးထွားနိုင်ပြီးရေ ၂ လီတာအထိ သိုလှောင်နိုင်တယ်လို့ ဆိုပါတယ်။ အိုးပုတ်အပင်ကို အချို့သူများကတော့ အိုးပုတ်အပင်များကိုနေအိမ်တွေမှာ အလှစိုက်ပျိုးကြပြီး အချို့က ဝေဒနာအမျိုးမျိုးကို ကုသရာမှာ တိုင်းရင်းဆေးအဖြစ်အသုံးပြုကြပါတယ်။


Photo Credit – From Google




Some text some message..