
Ur ofthe Great Ziggurat လို့အမည်ရတဲ့ ပိရမစ်ဟာ ယနေ့ခေတ် အီရတ်နိုင်ငံ၊ ဥရ မြို့မှာ တည်ရှိတဲ့အထင်ကရ ပိရမစ်တစ်ခုဖြစ်ပါတယ်။ ဇစ်ဂူရတ်ကို နီယိုဆူမားရီးယန်းအင်ပါယာရဲ့ ဘုရင် ဥနမ်မူကလွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ ခန့်က တည်ဆောက်ခဲ့ပြီး Moon God, Nanna အား အပ်နှံခဲ့တာလို့ဆိုပါတယ်။

Photo Credit – From Google

Photo Credit – From Google
တူးဖော်ခြင်းနှင့်ပြန်လည်မွမ်းမံခြင်းမပြုမီတုန်းက ဥရမြို့ရဲ့ မဟာဇစ်ဂူရတ်ဟာ မြေကြီးအောက် မြုပ်နေတာဖြစ်ပြီး မြေပြင်အထက်ဆုံးအဆင့်ကိုသာမြင်တွေ့ရပါတယ်။ အဆောက်အအုံကြီးကတော့ အဲ့ဒီအချိန်တုန်းက ရေတိုက်စားမှုနှင့် ရာသီဥတုဒဏ်ကြောင့်တော်တော်လေးကို ပျက်စီးနေပြီလို့ဆိုပါတယ်။

Photo Credit – From Google
၁၉၂၀ ခုနှစ်မှာတော့ဗြိတိသျှရှေးဟောင်းသုတေသနပညာရှင် Leonard Woolley က ဇစ်ဂူရတ်နှင့် အခြားရှေးဟောင်းပစ္စည်းများကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ Leonard Woolley ကတော့ အဆိုပါနေရာကို အဓိကတူးဖော်မှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ဇစ်ဂူရတ်ကို တူးဖော်ပြီးနောင်ပိုင်းမှာတော့ မူလပုံစံတူ ဒီဇိုင်းများကို ဖန်တီးပြီးလှေကားများ၊ ချဉ်းကပ်လမ်းများစသဖြင့် အနုစိတ်ကအစ အကြိမ်ကြိမ်ပြန်လည်မွမ်းမံခဲ့ပါတယ်။

Photo Credit – From Google
ယနေ့မှာတော့ဥရ မြို့ရဲ့ အထင်ကရ (Ziggurat) ဇစ်ဂူရတ်ကို လာရောက်လည်ပတ်သူများဟာ ယခင်ဂုဏ်ကျက်သရေများစွာထင်ဟက်စေတဲ့ အဆောက်အအုံရဲ့ အံ့ဖွယ်ဖွဲ့စည်းပုံကို မြင်တွေ့နိုင်ပါတယ်။ ပြုပြင်မွမ်းမံပြီးတဲ့နောက်ပိုင်း(ziggurat) ဇစ်ဂူရတ် ဟာ အမြင့် ၆၄ ပေ ရှိပြီး ဧရိယာ ပေ ၂၁၀ နှင့် ၁၅၀ ပေခန့် ရှိပါတယ်။၎င်းဟာ ရှေးဆူမားရီးယန်းယဉ်ကျေးမှုရဲ့ အထင်ကရ သင်္ကေတတစ်ခုဖြစ်ပြီး အီရတ်ရှိ အရေးပါသောရှေးဟောင်းသုတေသနနေရာ တစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit – From Google