တစ်နာရီကို ၁၀ မိုင် အမြန်နှုန်းဖြင့် ပျံသန်းနိုင်တဲ့ ဒေါင်းငှက်များ
mmload.com
|
2023-02-28

ဥဒေါင်းတွေဟာလှပတဲ့ အမွေးအမှင်တွေကြောင့် ကျော်ကြားပေမယ့် ဒေါင်းထီးကိုသာ ဥဒေါင်းလို့ ခေါ်တယ်ဆိုကြပါတယ်။ဒေါင်းငှက်အစ်မများကိုတော့ peahens (ဒေါင်းငှက်) ဟုခေါ်ကြပေမယ့် အထီးတွေထက် အညိုရောင်အမွေးများ ပိုမိုရှိကြပါတယ်။


Photo Credit – From Google

ဒေါင်းအမြီးရှိရောင်စုံအမွေးများကို အများအားဖြင့်"မျက်လုံးကွက်များ" သို့မဟုတ်"Ocelli" ဟုခေါ်ပါတယ်။ ဒီလှပတဲ့ အမြီးတွေကို ဒေါင်းအထီးများက အမများကို အိမ်ထောင်ဖက်အဖြစ်ဆွဲဆောင်ရာမှာ အသုံးပြုကြတာပါ။ ဒါဟာ ဒေါင်းအထီးတွေရဲ့ ကျန်းမာရေးနှင့် မျိုးဗီဇအရည်အသွေးကောင်းမွန်တဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။


Photo Credit – From Google

ဒေါင်းများဟာအရွယ်အစားကြီးမားပြီး အထင်ကြီးစရာကောင်းတဲ့ အသွင်အပြင်ရှိပေမဲ့ တကယ့်ကို သွက်လက်ပြီးအကွာအဝေးကို ပျံသန်းနိုင်တဲ့ ငှက်ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ သုတေသနအဆိုပြုချက်အရ ဒေါင်းများဟာတစ်နာရီလျှင် ၁၀ မိုင်အထိ အမြန်နှုန်းဖြင့် ပျံသန်းနိုင်တယ်လို့ဆိုပါတယ်။ ဒေါင်းငှက်များကတောင်အာရှမှာ ဇာတိဖြစ်သော်လည်း မြောက်အမေရိက၊ ဥရောပနှင့် ဩစတေးလျအပါအဝင် ကမ္ဘာ့အခြားနေရာအများအပြားမှာတွေ့ရတဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။


Photo Credit – From Google


Photo Credit – From Google

 သူတို့ရဲ့ အစားအစာများကတော့ အစေ့များ၊ အင်းဆက်များ၊နို့တိုက်သတ္တဝါငယ်များ၊ မြွေများနှင့် အိမ်မြှောင်များဖြစ်ပါတယ်။ ဒေါင်းငှက်များကိုတော့အချို့နိုင်ငံများက နတ်ဘုရားအဖြစ် သတ်မှတ်ကြပြီး အချို့က ကောင်းတဲ့ သင်္ကေတတစ်ခုအဖြစ်သက်မှတ်ကြပါတယ်။


Photo Credit – From Google




Some text some message..