ဂြိုလ်သားလို့တောင် ထင်ခဲ့ကြတဲ့ အံ့ဖွယ် Bigfin ပြည်ကြီးငါး
mmload.com
|
2023-03-09

ဒီတစ်ခါမှာတော့လူတော်တော်များများ မမြင်ဖူးသေးတဲ့ ထူးထူးခြားခြား ပြည်ကြီးငါး မျိုးစိတ်တစ်မျိုးကိုဖော်ပြပေးသွားမှာပါ။ ဒါကတော့ ပညာရှင်များ ပထမဆုံး ဂြိုလ်သားမျိုးနွယ်လို့တောင် ထင်ခဲ့တဲ့Bigfin ပြည်ကြီးငါးဖြစ်ပါတယ်။



Photo Credit – From Google

Bigfin ပြည်ကြီးငါး (Magnapinna squids) ဟာ ပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် ရှည်လျားသွယ်လျတဲ့ ပါးမွှေးများကြောင့် လူသိများတဲ့ cephalopodမျိုးဖြစ်ပါတယ်။ ဒီမျိုးစိတ်တွေက ရေဖိအားတအားများတဲ့ ပင်လယ်နက်ပိုင်းတွေမှာ နေထိုင်ကြတဲ့ငါးမျိုးဖြစ်ပါတယ်။


Photo Credit – From Google

ပုံမှန် Bigfinပြည်ကြီးငါးတစ်ကောင်ဟာ ရွက်ဖျင်များအပါအဝင် အရှည် ၂၆ ပေ (၈ မီတာ) အထိ ကြီးထွားနိုင်စွမ်းရှိပါပြီးအချို့ဆိုရင် ပေ ၄၀ (ရေကူးကန်နှစ်ကန်စာ)လောက်ရှိပါတယ်။ Bigfin ပြည်ကြီးငါးများတဲ့ ထူးခြားချက်ကတော့ရေထဲမှာ ကူးခတ်ရာမှာ ငှက်တစ်ကောင်လုံး ပျံသန်းပုံနဲ့တူပြီး သူတို့ရဲ့ ပါးမွှေးရှည်များကိုရေကူးခတ်ရာမှာ အသုံးပြုကြတာ ဖြစ်ပါတယ်။



Photo Credit – From Google

သူတို့ရဲ့ခန္ဓာကိုယ်က အရွယ်အစားအရ ကြီးမားတယ်လို့ ပြောလို့ရပေမယ့် မျက်လုံးများက့တော့ တော်တော်လေးသေးငယ်ပါတယ်။အစာအနေနဲ့ကတော့ ငါးနှင့် crustaceans အပါအဝင် အခြားသော ပင်လယ်ရေနက် သတ္တဝါများတွင်ကျက်စားကြောင်း လူသိများပါတယ်။


Photo Credit – From Google




Some text some message..