တစ်ချိန်မှာ မျိုးသုဉ်းသွားတော့မယ် အရှေ့တောင်အာရှက ဧရာမအိဘစ်ငှက်ကြီး
mmload.com
|
2023-03-24

Giant Ibis ဟာ ကြီးမားပြီး ထူးခြားတဲ့ ငှက်ကြီးမျိုးနွယ်ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ Ibis မျိုးစိတ်တွေထဲမှာ အကြီးဆုံး မျိုးနွယ်တွေဖြစ်ကြပါတယ်။ ဒီမျိုးစိတ်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ National ငှက်ဖြစ်ပြီး သူ့ရဲ့ရှားပါးမှုနဲ့ ထူးခြားတဲ့အရွယ်အစားကြောင့် ငှက်ကြည့်သူများ၊ သဘာဝပညာရှင်နှင့် ထိန်းသိမ်းရေးသမားများအတွက် ဒဏ္ဍာရီဆန်ဆန်ငှက်ကြီးတစ်ကောင် ဖြစ်နေပါတယ်။



ဒီမျိုးစိတ်တွေရဲ့ နေထိုင်ရာဟာ ယခုအခါ များစွာ လျော့ကျသွားပါပြီ။ အရှေ့တောင်အာရှရဲ့ ကျယ်ပြောလှတဲ့ သမိုင်းကြောင်းအရ မှီတင်းနေထိုင်ကြတဲ့ ဧရာမအိဘစ်ငှက်ဟာ ယခုအခါ ကမ္ဘောဒီးယားမှာ စုစည်းကာ အကောင်ရေ ကျဆင်းလျက်ရှိပါတယ်။ သူတို့ဟာ လာအိုနိုင်ငံ တောင်ပိုင်းမှာလည်း နေထိုင်သလို ဗီယက်နမ်နိုင်ငံမှာလည်း တွေ့မြင်ရပါတယ်။



ထိုင်းနိုင်ငံမှာ မျိုးသုဉ်းနေပြီဖြစ်ကာ လက်ရှိကာလအပိုင်းအခြားအတွင်း အခြားဒေသများမှာလည်း မျိုးသုဉ်းလုနီးပါးဖြစ်နေပြီလို့ ယူဆရပါတယ်။ လူတို့ရဲ့ နှောင့်ယှက်မှုနှင့် အမဲလိုက်ခြင်းတွေရဲ့ သက်ရောက်မှုများကြောင့် အများစုမှာ ဆက်တိုက်ကျဆင်းနိုင်ခြေအပေါ် အခြေခံပြီး သူတို့ကို ပြင်းထန်စွာ ပျောက်ကွယ်လုနီးပါးအဖြစ် သတ်မှတ်ထားကြပါတယ်။





Some text some message..