လူသားများတည်ဆောက်ခဲ့တဲ့ ကမ္ဘာ့အစောဆုံး တဲအိမ်
mmload.com
|
2023-03-24

ရှေးလူသားတွေနေထိုင်ခဲ့တဲ့ အိမ်လို့ဆိုရင် သဘာဝလိုဏ်ဂူကိုပဲ ပြေးမြင်မိကြမှာအမှန်ပါ။ မှန်ပါတယ်….အချို့သော လူသားတွေက သဘာဝလိုဏ်ကိုသာ အားထားနေထိုင်ကြပေမယ့် အချို့သော လူသားများကတော့သစ်ပင်တွေ ဒါမှမဟုတ် တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဖန်တီးတည်ဆောက်ကာနေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီရှေးကျတဲ့ တဲအိမ်လေးကို မြင်ရင်တော့ သင်အံ့ဩသွားမှာတော့ သေချာပါတယ်။


Photo Credit – From Google

ဘာဖြစ်လို့လဲဆိုတော့တဲအိမ်ကို ကြီးမားတဲ့ တိရစ္ဆာန်အရိုးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်နေလို့ပါ။ ဒီတဲအိမ်တွေကိုယူကရိန်းမှာ တွေ့ရှိခဲ့တာ မှန်ပေမယ့် ချက်သမ္မတနိုင်ငံနှင့် ပိုလန်တောင်ပိုင်းတို့တွင်လည်း တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ပညာရှင်များကတော့ ဒီတဲအိမ်ဟာ  လူသားများတည်ဆောက်ခဲ့တဲ့အစောဆုံး အဆောက်အအုံဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။


Photo Credit – From Google

ကျွန်တော်ထင်တာကတော့ဒီတဲအိမ်များကို တစ်နေရာနှင့် တစ်နေရာ ပြောင်းရွှေ့နေထိုင်ကြတဲ့ အမဲလိုက်မုဆိုးများကတည်ဆောက်ခဲ့တာ ဖြစ်နိုင်ပါတယ်။ တဲအိမ်ကို ကြီးမားတဲ့ အရိုးတွေကို အမာခံတည်ဆောက်ပြီးအရိပ်အဖြစ် တိရစ္ဆာန်ရဲ့ သားရေများဖြစ် ကာမိုးထားတာ ဖြစ်ပါတယ်။


Photo Credit – From Google

ရှေးဟောင်းသုတေသနအထောက်အထားများအရ အဆိုပါတဲအိမ်များကို လူနေထိုင်အိမ်၊ သိုလှောင်ရုံ (သိုမဟုတ်) ထုံးတမ်းစဉ်လာနေရာများအဖြစ် အသုံးပြုနိုင်တယ်လို့လည်း ဆိုပါတယ်။မည်သို့ပင်စေကာမူ ဒီတဲအိမ်ဟာ ရှေးလူသားတွေရဲ့ အစောဆုံး ဗိသုကာပညာများထဲက တစ်ခုဆိုတာကတော့သေချာပါတယ်။ ကဲ.. သင်လည်း ဒီတဲအိမ်ဟာ ဘယ်သူတွေက တည်ဆောက်ခဲ့သလဲ ၊ ဘယ်လိုနေရာတွေမှာအသုံးပြုခဲ့သလဲဆိုတာ မှတ်ချက်ပေးခဲ့ပါအုံး။



Photo Credit – From Google




Some text some message..