
ဒီတစ်ခါမှာတော့တစ်ပါးသူကို မှီခိုပြီး ရှင်သန်ကြီးထွားကြတဲ့ နွယ်ပင်တွေရဲ့ စိတ်ဝင်စားစရာ အချို့ကိုဖော်ပြပေးမှာပါ။ နွယ်ပင် (Vine) ဆိုတာက အခြားအရာများကို ပင်စည်တွယ်ကပ်ပြီးရှင်သန်ရကြတဲ့ အပင်တွေဖြစ်ပါတယ်။ နွယ်ပင်အချို့ကတော့အတိုင်းအတာ တစ်ခုထိသာရှင်သန်ကြပေမယ့် အချို့ နွယ်ပင်များကတော့ မီတာများစွာအထိ ကောင်းမွန်စွာပေါက်ရောက်နိုင်ကြပါတယ်။

Photo Credit – From Google
နွယ်ပင်အများစုကတော့ အပွင့်နှင့် အသီးအနှံများကို ထုတ်ပေးနိုင်တဲ့Angiosperm အမျိုးအစားပါ။ ပြီးတော့သူတို့က နှစ်ရှည်ပင်များဖြစ်တာကြောင့် နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ကြပါတယ်။ နွယ်ပင်များကိုဘယ်လိုနေရာမျိုးတွေမှာ တွေ့ရသလဲဆိုရင် လောင်းရိပ်ရှိတဲ့နေရာမျိုးတွေ၊ နေရောင်ခြည်အပြည့်ရရှိနေရာများ ဥပမာ - သစ်တောများ၊ လယ်ကွင်းများနှင့် ဥယျာဉ်များအပါအဝင် ပတ်ဝန်းကျင်အမျိုးမျိုးမှာပေါက်ရောက်တွေ့ရှိနိုင်ပါတယ်။

Photo Credit – From Google
နွယ်ပင်မျိုးနွယ်များမှာ တောတွေထဲမှာ ပေါက်ရောက်တဲ့အပင်တွေအပြင် ကျွန်တော်တို့ နေအိမ်တွေမှာ စိုက်ပျိုးထားကြတဲ့ ဥပမာ - သခွားပင်၊ သပွတ်ပင်၊ ဘူးပင်၊ ကြက်ဟင်းခါးပင်၊ ဂေါ်ရခါးပင်များလည်းပါဝင်ပါတယ်။

Photo Credit – From Google
နွယ်ပင်များရဲ့ အကျိုးကျေးဇူးကတော့ ကျွန်တော်တို့ နေထိုင်ရာပတ်ဝန်ကျင်က မြေဆီလွှာ တည်ငြိမ်စေသလို တောရိုင်းတိရစ္ဆာန်များအတွက်နေထိုင်ရာနေရာများ အထောက်အပံ့ပေးများကိုပါ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်နွယ်ပင်များက တိရစ္ဆာန်များအပြင် ကျွန်တော်တို့ လူသားတွေအတွက်ပါ တကယ်ကိုအကျိုးပြုတဲ့ အပင်ဖြစ်ပါတယ်။

Photo Credit – From Google