
တရုတ်နိုင်ငံမှာနှစ်ပေါင်း ၄၃၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်းပိရမစ်များရှိတယ်ဆိုတာကတော့ ခိုင်လုံတဲ့ အထောက်အထားတွေတော့မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံမှာ Great Wall နှင့် Forbidden City လိုမျိုး ထူးခြားတဲ့အအောက်အအုံများအပါအဝင် ရှေးဟောင်း ဗီသုကာလက်ရာများရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းများရှိပေမယ့်အီဂျစ် (သို့မဟုတ်) အလယ်ပိုင်းအမေရိကမှာ တွေ့ရှိရတဲ့ ရှေးဟောင်းပိရမစ်တွေနဲ့ ဆင်တူတာတော့မတွေ့ရပါဘူး။

Photo Credit – From Google
ပြီးတော့အချို့သောသူတွေက တရုတ်နိုင်ငံမှာ ရှေးပိရမစ်များရှိတယ်လို့ အခိုင်အမာဆိုထားပေမယ့် အဲ့ဒီပြောဆိုချက်တွေကိုထောက်ခံတဲ့ ရှေးဟောင်းသုတေသန အထောက်အထားများလည်း ယနေ့တိုင် မရှိခဲ့သေးပါဘူး။ တကယ်တော့ရှေးဟောင်းသုတေသနပညာရှင်နှင့် သမိုင်းပညာရှင်အများစုဟာ တရုတ်မှာ ပိရမစ်များထက် ဧကရာဇ်မင်းမြတ်များရဲ့သင်္ချိုင်းများနှင့် ဂူဗိမာန်များကို ရှေးခေတ်တရုတ်လူမျိုးများက အလေးထားခဲ့ကြောင်းကိုပဲထောက်ခံခဲ့ပါတယ်။

Photo Credit – From Google
အချို့သော ဧကရာဇ်မင်းမြတ်များရဲ့ ဂူဗိမာန်များဟာအီဂျစ်မှာတွေ့ရတဲ့ ပိရမစ်နှင့် ဆင်တူတာတွေ ရှိပါတယ်။ အဲ့ဒီ ဂူဗိမာန်များဟာ အများအားဖြင့်ကျောက်တုံးကြီးများဖြင့် အခိုင်အမာတည်ဆောက်ထားသလို အချို့မှာ မြေကြီးများဖြင့် ပိရမစ်ပုံစံပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံမှာ ရှေးဟောင်းပိရမစ်များ တကယ်ရှိသလားလို့မေးရင် သက်သေပြနိုင်စရာ သမိုင်းအထောက်တွေ မရှိတာကြောင့် မရှိဘူးလို့ပဲ ပြောရမှာပါ။

Photo Credit – From Google