မြင်နေကြ ပြတိုက်တွေနဲ့ လုံးဝမတူတဲ့ မက္ကဆီကိုက ရေးအောက်ပြတိုက်
mmload.com
|
2023-03-30

ကမ္ဘာ့တစ်ဝှမ်းမှာပြတိုက်များစွာရှိပေမယ့် အခြားပြတိုက်တွေနဲ့ မတူတဲ့ ပြတိုက်တစ်ခုကတော့ UnderwaterMuseum of Art (UMA) ပါ။ ဒီပြတိုက်ကတော့မက္ကဆီကိုနိုင်ငံ၊ Cancun ကမ်းရိုးတန်းမှာတည်ရှိပြီးတမူထူးခြားတဲ့ ဆွဲဆောင်မှုတွေကြောင့် လူသိများတဲ့ ပြတိုက်ဖြစ်ပါတယ်။




Photo Credit – From Google

အခြားပြတိုက်တွေနဲ့မတူတာကတော့ ပြတိုက်ဟာ ရေအောက်ထဲမှာ လုံးဝနစ်မြုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် စူးစမ်းလေ့လာသူတွေအတွက်တော့အခြားပြတိုက်တွေလို မတူညီတဲ့ ရသမျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။



Photo Credit – From Google

ဒီပြတိုက်မှာဆိုရင် ကမ္ဘာတစ်ဝှမ်းမှ အနုပညာရှင်များဖန်တီးထားတဲ့ အသက်အရွယ်လိုက် ပန်းပုရုပ်တုပေါင်း ၅၀၀ ကျော်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ပန်းပုရုပ်တုတွေကို သန္တာကျောက်တန်းနှင့်အခြားအဏ္ဏဝါသက်ရှိများရှင်သန်ကြီးထွားလာစေဖို့ ကူညီပေးတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာကြောင့်သန္တာကျောက်တန်းအတုများ ဖြစ်ပေါ်လာအောင်လည်းအထောက်အကူပြုတယ်လို့ ဆိုပါတယ်။



Photo Credit – From Google

ဒီရေအောက်ပြတိုက်ကိုလာရောက်လည်ပတ်သူများအနေတဲ့ ရေငုပ်ခြင်း ( snorkeling) လုပ်ပြီး သေသပ်လှတဲ့ ပန်းပုရုပ်ထုတွေကိုလေ့လာနိုင်မှာဖြစ်လို့  ဘဝမှာ မမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုပါ။



Photo Credit – From Google

တကယ်လို့ သင်ဟာ မက္ကဆီကိုနိုင်ငံ ခရီးထွက်ဖို့ စီစဉ်ထားတယ်ဆိုရင်တော့အဆိုပါ ရေအောက်ပြတိုက်ကို သွားရောက်လည်ပတ်ပါလို့ အကြံပြုပါရစေ..။

Source - my.hotnewsmm



Some text some message..