
အိမ်မွေးတိရစ္ဆာန်လေးတွေမှာ ခွေးလေးတွေကို မွေးရတာ သဘောကျတဲ့ လူတွေလည်းရှိပါတယ်။ မိမိတို့မွေးထားတဲ့ ခွေးလေးတွေကို မျိုးစိတ်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ မွေးတဲ့သူတွေလည်းရှိပါတယ်။ ဒီတစ်ခါဖော်ပြပေးမှာကတော့ သာမန် ခွေးလေးတွေထက် အရွယ်အစား ပိုကြီးပြီး မျိုးစပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ခွေးတွေအကြောင်းပဲဖြစ်ပါတယ်။

ST. BERNARD ဆိုတဲ့ ဒီခွေးလေးရဲ့ အရွယ်အစားဟာ ၆၉ စင်တီမီတာအထိရှိပြီး အလေးချိန်ကတော့ ၁၁၇ ကီလိုဂရမ်ရှိပါတယ်။ သူတို့ဟာ ခွေးဘီလူးမျိုးနွယ်မျိုးဖြစ်ပြီး သေသေချာချာလေ့ကျင့်ပေးနိုင်ရင် လူတွေနဲ့ အလွန်ယဉ်ပါးလှပါတယ်။

NEWFOUNDLAND ခွေးအမျိုးအစားကတော့ ထုထည်ကြီးမားလှပြီး နှာခေါင်းကနေ အမြှီးအထိ ၁၈၃ စင်တီမီတာအထိ ရှိပါတယ်။ အလေးချိန် ၁၁၈ ကီလိုဂရမ် အထိရှိပြီး ရေကူးအလွန်ကျွမ်းတဲ့ အကောင်တွေပဲဖြစ်ပါတယ်။

ANATOLIAN SHEPHERD ခွေးလေးတွေရဲ့ မူလမျိုးစိတ်နေရာကတော့ တူရကီက ဖြစ်ပြီး သိုးတွေကို ရန်ပြုနိုင်တဲ့ ၀ံပုလွေတွေ ကျားသစ်တွေ ရန်ကနေ ကာကွယ်ပေးရတဲ့ သိုးထိန်းခွေးပဲဖြစ်ပါတယ်။ သူတို့မှာ သန်မာတွေ ကြွက်သားတွေရှိပြီး ၆၈ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။

LANDSEER ခွေးတွေဟာ NEWFOUNDLAND ခွေးမျိုးစိတ်နဲ့ အတူတူပဲဖြစ်ပြီး အနည်းငယ်ပဲကွဲပြားလှပါတယ်။ သူတို့ဟာ အလွန်ယဉ်ပါးလှပြီး သင်ပေးဖို့လည်း လွယ်ကူလှပါတယ်။ သူတို့ရဲ့ အလေးချိန်ဟာ ၈၂ ကီလိုဂရမ်ရှိပြီး အရွယ်အစားကတော့ ၈၂ စင်တီမီတာ ရှည်ပါတယ်။